ဇန်နဝါရီလ (၂၂)ရက်။
ဇန်နဝါရီလ (၂၀)ရက် နံနက် (၇)နာရီ (၄၃)မိနစ်အချိန်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးက စစ်ကောင်စီရဲ့ ကြိုးတံတားဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ ကြိုးတံတားဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်(YGF)၊ ABSDF တပ်ရင်း(၁)၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း(MSRO)၊ Ye Defence Force(YDF)နဲ့ ရေးသိမ်းငှက်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကာ စစ်ကောင်စီထံက (၆၀)မမ မော်တာ (၂)လက်အပါအဝင် လက်နက်ငယ်တွေနဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ ဗျူဟာ(၃၃)ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။