နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင် အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA တပြိုင်ထဲတိုက်ခိုက်

ဇွန်လ (၂၂)ရက်။

ဒီကနေ့ နံနက် (၄)နာရီခွဲခန့်ကစပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ အင်းတော်ကြီး-ဝှေခါကြားက စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA က တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။

“ မနက် (၄)နာရီခွဲကျော်လောက်ကစပြီး အင်းတော်ကြီး-ဝှေခါကြားက စကစစခန်း (၃)ခုကို KIA က တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ စကစဘက်ကလဲ လ်ကနက်ကြီးတွေနဲ့ ပစ်နေတယ်” လို့ ကချင်စစ်ရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။

KIA အနေနဲ့ အင်းတော်ကြီး-ဝှေခါကြားရှိ စစ်ကောင်စီရဲ့ ဝှေလုံတပ်စခန်းအပါအ၀င် ညောင်ပင်စခန်းနဲ့ ချောင်း၀စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်ကောင်စီတပ်မကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ စစ်ရေးအရ အရေးပါတဲ့စခန်းတွေဖြစ်ပြီး အင်းတော်ကြီးကနေ ဖားကန့်ကို သွားတဲ့လမ်းပိုင်းမှာရှိကာ အင်းတော်ကြီးဒေသဟာဖားကန့်မြို့နဲ့ (၁၅)မိုင်ခန့် ကွာဝေးတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းအချိန်မှာတော့ စခန်းအချို့ ဆုံးရှုံးလိုက်ရသလို KIA/PDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၁)ရက်နေ့ကလဲ KIA/PDF ပူးပေါင်းအဖွဲ့တွေဟာ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းတလျှောက်က စစ်ကောင်စီစခန်း (၁၀)ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 21 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 24 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 19 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 19 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို
မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 30 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ ပုသိမ်မြိုနယ် ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖိုရှိတဲ့ ဦးမြင့်ဌေးဆိုသူဖြစ်ကာ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 33 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 26 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်
မြန်မာသတင်း

ရွေးကောက်ပွဲကို တရားမျှတစွာ ဝင်ပြိုင်ကြဖိုဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 22 Views
ဒီဇင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တရားမျှတစွာ ဝင်ပြိုင်ကြဖို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က ပြင်ဦးလွင်မြိုမှာပြုလုပ်တဲ့ စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူတွေကလွဲပြီး ကျန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး