နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်တိုင်း လသာမြို့ (၁၉)လမ်းရှိ Bar တစ်ခု အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

ဇူလိုင်လ (၂၂)ရက်။

မနေ့က ည (၁၀)နာရီခွဲခန့်မှာ လသာမြို့နယ်၊ (၁၉)လမ်းရှိ Black House Bar ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Urban Special Ranger Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ညက လသာ (၁၉)လမ်းက Black House Bar ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဖောက်ခွဲပြီး မကြာခင်မှာပဲ ရဲကားနဲ့ လူနာတင်ကားတွေ ရောက်လာတာပါ။ တလမ်းလုံးလဲ ပိတ်ပြီးစစ်သွားတယ်” လို့ အဖွဲ့က ဆိုပါတယ်။

လသာမြို့၊ (၁၉)လမ်းရှိ Black House Bar မှာ အသံဗုံးပေါက်ကွဲခဲ့ပြီး ဆိုင်ထဲက အမျိုးသား (၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

အဲ့ဒီ Bar ဟာ စစ်ကောင်စီနဲ့ဆက်နွယ်တဲ့ အသိုင်းအဝိုင်းကသူတွေ သောက်စားတဲ့နေရာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းချတဲ့နေရာလို့ သတင်းရရှိတာကြောင့် စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Urban Special Ranger Force အဖွဲ့ရဲ့ တော်လှန်ရေးတပ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်စေဖို့ ကြိုးပမ်းဆောင်ရွက်ပြီး တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီသတင်းပေးဒလန်တွေကို တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

ညီနောင်ရဲဘော်တွေအနေနဲ့ တော်လှန်ရေးကာလ စတင်တဲ့နေ့ကစပြီး ဒီကနေ့အထိ အခက်အခဲနဲ့ ဆုံးရှုံးတာတွေ များစွာရှိခဲ့ပေမယ့် တစ်ရက်မှမနားခဲ့ကြဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ် သစ္စာရှိစွာနဲ့ စစ်ဆင်ရေးတွေကို ပိုမိုကြိုးစားသွားမှာဖြစ်ပြီး ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရန်ကင်းမြို့ရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ် မိုင်းခွဲသတိပေးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မိုင်းဖောက်ခွဲခဲ့တယ်လို့
မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လုပ်ငန်းလက်မှတ် ရုပ်သိမ်းခံရသူ (၂)ဦးဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာရေးသူ မဟူရာ ရေးသားတဲ့ “
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့ တာဝန်ချိန်ကလွဲပြီး မြို့ထဲ သွားလာတဲ့အခါ လက်နက်ခဲယမ်းကိုင်ဆောင်မသွားကြဖို့ အမိန့်ကို အောက်တိုဘာလ (၂၄)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာလို့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 13 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်