နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဂိတ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MOD ထုတ်ပြန်

ဇူလိုင်လ (၂၂)ရက်။

ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အင်းနက်ရွာ တာဝါတိုင်ကုန်းစစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ တာဝါတိုင်ကုန်းစစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်းအဖွဲ့ နဲ့ သပိတ်ကျင်းမြို့နယ်(ပကဖ)တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ကူပေးခဲ့ပေမယ့် သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီဘက်က (၈)ဦးသေဆုံးပြီး (၈)ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းပိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉)တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံးနဲ့ ကျည်ဘောက် (၉၉)ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အင်းနက်ကျေးရွာဟာ သပိတ်ကျင်းမြို့နယ် မြောက်ဘက်ဆုံးပိုင်း၊ တကောင်းမြို့ရဲ့ မြောက်ဘက် (၁၅)မိုင်အကွာ မန္တလေး-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အင်းနက်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး သပိတ်ကျင်းမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အများအပြား ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့
မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို လမ်းမတွေပေါ်မှာ ဖုန်းတွေကို စစ်ဆေးဖမ်းဆီးကာ
မြန်မာသတင်း

တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလား (အပိုင်း ၁)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်နေသလဲ နဲ့ တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလားဆိုတဲ့မေးခွန်းတွေကို ဥပဒေပညာရှင်ဦးအောင်ထူးကို ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၆)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီဗုံးကြဲခဲ့တဲ့ ကျောက်နီမော်ရွာက ပြည်သူတွေကို AA ထောက်ပံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 8 Views
ဇန်နဝါရီလ (၁၆)ရက်။ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာက ပြည်သူတွေဟာ မီးလောင်ဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးလောင်ဆုံးရှုံးကာ အခက်အခဲဖြစ်နေတဲ့