အောင်တိုဘာလ (၂၂)ရက်။
ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့ ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စခန်းဦးစီးအရာရှိကတော့ ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့ ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စခန်းဦးစီးအရာရှိက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးနဲ့ ပျူစောထီး (၃)ဦး သေဆုံးခဲ့ပြီး ပျူစောထီး (၂)ဦး ဒဏ်ရာရရှိခဲ့ကာ ပစ္စတိုတလက်၊ ဂျီ-၃ (၄)လက်နဲ့ အူဂျီတစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့ဂိတ်ဟာ မှောင်ခိုလမ်းကြောင်းတွေကို ဆက်ကြေးတောင်းပြီး ပြည်သူကို ဒုက္ခပေးနေတယ်ဆိုတာကို တိုင်ကြားလာတာကြောင့် ဝင်ရောက်ရှင်းလင်းတာဖြစ်တယ်လို့ သိရပါတယ်။