အောက်တိုဘာလ (၂၂)ရက်။
နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဓိကဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို အားပေးဆောင်ရွက်ခဲ့ရာ ကိုဗစ်ကြောင့် ကျဆင်းခဲ့တဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အခုလို စီးပွာရေး ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်တာ အားနည်းနေသေးကာ စိုက်ပျိုးရေးလုပ်ငန်းတွေ ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နေပေမယ့် ထိုက်သင့်တဲ့ တိုးတက်တာ မရှိသေးဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။
နောက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ဖို့နဲ့ ထုတ်ကုန်တွေနဲ့ ပို့ကုန်တွေ တိုးမြှင့်လာအောင် ဆောင်ရွက်ပြီး ကမ္ဘာပေါ်မှာ စားရေရိက္ခာ ထုတ်လုပ်တဲ့ နိုင်ငံတခုအနေနဲ့ ဂုဏ်ယူနိုင်အောင်လုပ်ဖို့လဲ ညွှန်ကြားခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်က နိုင်ငံ့စီးပွားရေး ဦးမော့လာပြီလို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အထွေထွေအကြပ်အတည်းတွေကြောင့် နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတွေမှုမျဉ်းအောက် ရောက်ရှိနေတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။