နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်ထောင်မှာ ဆရာဝန်မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့ရ

အောက်တိုဘာလ (၂၂)ရက်။

အောက်တိုဘာလ (၁၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးရဲအောင်(ခ)ကိုချင်း လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဖြစ်သူ အသက် (၆၂)နှစ်အရွယ်ရှိ ဦးရဲအောင်(ခ)ကိုချင်းဟာ မတရားပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ (၅၂)တို့နဲ့ ထားဝယ်အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။

အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရချိန် စက်တင်ဘာလ (၂၇)ရက်နေ့မှာ လေဖြတ်ရောဂါ ခံစားခဲ့ရတဲ့အတွက် ထောင်ထဲရှိ ဆရာဝန်အင်အား မလုံလောက်တာကြောင့် ထောင်ပြင်ပဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေဖြတ်ရောဂါခံစားခဲ့ရတဲ့ ဦးရဲအောင်(ခ)ကိုချင်းဟာ ထားဝယ်ဆေးရုံမှာ ဆေးကုသနေတုန်း ကျဆုံးခဲ့ရတာဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ PPNM က ပြောဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁၃)ရက်နေ့ကလဲ ဖားအံထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုဌေးအောင်ကျော်ဟာ ‌ပြင်ပဆေးရုံကို အချိန်မီမပို့နိုင်တာကြောင့် ကျဆုံးခဲ့ရပါတယ်။

ကိုဌေးအောင်ကျော်ဟာ ဖမ်းဆီးခံရချိန်ကစပြီး ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေအပါအဝင် အသည်းရောဂါကြောင့် လုံလောက်တဲ့ ဆေးဝါးကုသတာမရဘဲ ကျဆုံးခဲ့ရတာလို့ ရေးသားထားပါတယ်။

အခုနှစ် ဇန်နဝါရီလကစပြီး အောက်တိုဘာလ (၁၅)ရက်နေ့အထိ ထောင်ထဲ လုံလောက်တဲ့ ‌ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၄)ဦး ကျဆုံးခဲ့ရတယ်လို့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ ဒီတနင်္ဂနွေ ဂျွန်လ၈ရက်နေ့ အပတ်စဥ်ဆွေးနွေးကြမဲ့ခေါင်းစဥ်ကတော့

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 8 Views
–“ILO ကပိတ်ဆို့ – သယံဇာတဝန်ကြီးကအပင်းဆို့“ဖြစ်ပါတယ်။ ၁) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ် ILO ရဲ့ပုဒ်မ (၃၃)အရ ပိတ်ဆို့
မြန်မာသတင်း

ထရန့်နှင့်အီလွန်မတ်စ်တို့ဆက်ဆံရေးအချိန်တိုအတွင်းပြိုကွဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 12 Views
+++++++++++++ ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန်
မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 25 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင် မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလား။
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 25 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲတဲ့နေရာက ကျောက်စိမ်းတူးဖော်တဲ့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 23 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာကို ဝရမ်းပြေး အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 17 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 17 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 31 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29