နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတလင်ပြည်သူတွေကို ကူညီထောက်ပံ့ကြဖို့နဲ့ အညာဒေသ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ SAF ပြော

အောက်တိုဘာလ (၂၂)ရက်။

အရပ်သားပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပြီး စစ်ဘေးရှောင်နေရတဲ့ ဘုတလင်မြို့ရှိ ပြည်သူတွေကို ကူညီထောက်ပံ့ကြဖို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)က ဒီကနေ့မှာ မေတ္တာရပ်ခံ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလကုန်ပိုင်းက ဘုတလင်မြို့ ကူတော်ရွာရှိ စစ်ကောင်စီရဲစခန်းကနေ ဘုတလင်မြို့ကို ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် နမခကနေ စစ်ကြောင်းတကြောင်း ထပ်မံထွက်လာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ ခန့်မှန်းအင်အား (၁၀၀)ခန့်ရှိပြီး ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နီးစပ်ရာကျေးရွာတွေက ပြည်သူတွေကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ ပေါ်တာဆွဲတာနဲ့ ရွာကိုမီးရှို့တာတွေ ပြုလုပ်ခဲ့သလို (၇)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား (၆)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ငပယင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့ကာ ဘုတလင်မြို့နဲ့ မြောက်ကျီရွာက ပြည်သူ (၆)ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် သီတင်းကျွတ်လပြည့်နေကလဲ စီပါရွာက အရပ်သားပြည်သူ (၈)ဦးကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စီပါရွာက ပြည်သူ (၁၀)ဦးကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ညောင်ကန်ရွာကို လေကြောင်း (၉)ကြိမ်၊ ဟောင်ဝစ်ဇာ (၉)ကြိမ်နဲ့ ဂွေးပင်ကျင်းရွာကို (၉)ကြိမ် လေကြောင်းတိုက်ခိုက်ပြီး စိုင်ပြင်လေးရွာကို မီးရှို့ဖျက်‌ဆီးခဲ့ပါသေးတယ်။

အခုအခါ စစ်ကောင်စီစစ်ကြောင်းဟာ ဓါးစာခံအနေနဲ့ ပြည်သူ (၅၀)ဦးခန့် ဖမ်းဆီးထားသလို အောက်တိုဘာလ (၁၂)ရက်နေ့ကစပြီး (၂၁)ရက်နေ့အထိ အရပ်သားပြည်သူ (၂၂)ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကာ ပြည်သူ (၁၀၀၀၀)ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရှောင်တွေနဲ့ ဘုတလင်ဒေသက ပြည်သူတွေကို ကူညီကြဖို့နဲ့ SAF ရဲ့ အညာစစ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးဆောင်ရွက်တာတွေ ဆက်လက်အရှိန်မြှင့်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်
မြန်မာသတင်း

စစ်တပ်ရဲ့ အမျိုးသားလွှတ်ဥက္ကဋ္ဌနေရာ အောင်လင်းဒွေးကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အမျိုးသားလွှတ်တော်အစည်းအဝေးကို သဘာပတိအနေနဲ့ ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကိုပါ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အောင်လင်းဒွေးကို
မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 25 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို ဇန်နဝါရီလ အစောပိုင်းက စတင်ခဲ့ပြီး သင်တန်းကာလ စုစုပေါင်း
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 39 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 36 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့