နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

နိုဝင်ဘာလ (၂၂)ရက်။

မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ မနေ့က ညနေပိုင်းလောက် ‌ဆေးရုံကြီးမျက်နှာချင်းဆိုင်က စိမ်းဆေးခန်းမှာ ဆရာဝန်မကို ဆေးခန်းထဲဝင်ပြီး ဓါးနဲ့ထိုးသွားတာ၊ ဓါးနဲ့ထိုးတဲ့သူက လူငယ်ပိုင်းပဲ၊ ပြောနေတာတော့ အဲ့ဒီကောင်လေးက မူးယစ်ဆေးသုံးထားတယ်လို့လဲ ပြောကြတယ်” လို့ အနီးဝန်းကျင်နေသူတစ်ဦးက ဆိုပါတယ်။

မကွေးမြို့ပြည်သူ့ဆေးရုံကြီးရဲ့ မျက်နှာချင်းဆိုင်ရှိ စိမ်းဆေးခန်းကို ဆိုင်ကယ်စီးလာတဲ့ အသက် (၂၉)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်ကာ ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်မ ဒေါက်တာ မို့မို့စိမ်းကို ဓါးနဲ့ထိုးခဲ့တာလို့ သိရပါတယ်။

“ ဆရာဝန်မက သွေးတွေနဲ့ ဆေးခန်းအပြင်ကို အော်ပြီး ပြေးထွက်လာတာ။ သွေးတွေလဲတော်တော်များတယ်။ ဓါးနဲ့ဝင်ထိုးတဲ့ ကောင်လေးကလဲ သူ့ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးတာ။ လမ်းကလူတွေ ဝိုင်းဖမ်းလို့ လမ်းကြားထဲမှာ မိသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

ဓါးနဲ့ထိုးခံရတာကြောင့် ဒေါက်တာ မို့မို့စိမ်းဟာ လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကာ ကျူးလွန်သူ အမျိုးသားကို ရွာသစ်ရပ် (၁၇)လမ်းနဲ့ (၁၈)လမ်းကြားမှာ အနီးရှိ လမ်းနေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဆရာဝန်မကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသားကို သူ့ရဲ့ဆိုင်ကယ်နဲ့အတူ မကွေးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဓါးထိုးသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရင်းကိုတော့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 20 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 15 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 17 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 39 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 28 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 50 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့