နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF၊ ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိုးနှက်တိုက်ခိုက်မှု၊ ERO တွေရဲ့ကူညီပေးမှုနဲ့ ပြည်သူ့ရဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် စစ်အာဏာရှင်တွေကို အနိုင်ယူဖို့ အခြေအနေကောင်းတွေ တည်ဆောက်နိုင်တာလို့ NUG ပြော

ဇန်နဝါရီလ (၂၃) ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးအရှုံးကြီးတွေကို ရင်ဆိုင်နေရပြီလို့ NUG ရဲ့ မနေ့က တစ်နိုင်ငံလုံးစစ်ရေးအခြေအနေ ထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

နွေဦးတော်လှန်ရေးကာလ (၃)နှစ်နီးပါးရှိလာချိန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

ကုန်သွယ်ရေးဂိတ်တွေနဲ့ပတ်သက်ပြီး တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် အများစုကို တော်လှန်ရေးအင်းအားစုအသီးသီးက သိမ်းပိုက်တာ၊ စိုးမိုးတာတွေ လုပ်ဆောင်နိုင်နေပြီလို့ ဖော်ပြထားပါတယ်။

ခြေမြန်တပ်မဌာနချုပ်(တမခ)နဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ)တပ်တွေကို အင်အားချိနဲ့အောင် တိုက်ခိုက်နိုင်တာကြောင့် စစ်တပ်ရဲ့ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းဟာ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှာ သိသိသာသာ လျော့ကျသွားတာ တွေ့လာရတယ်လို့ ရေးသားထားပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် စစ်တပ် စစ်အင်အားဟာ ကန့်သတ်ချက်တွေ ပေါ်ထွက်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် တိုက်ခိုက်ခံရတဲ့နေရာတွေကို စစ်ကူမလွှတ်နိုင်ဘဲဖြစ်နေတယ်လို့ NUG က ပြောဆိုထားပါတယ်။

ရှမ်းမြောက်နဲ့ ရခိုင်မှာ စစ်ရေးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ တစ်ကမ္ဘာလုံးက လက်မခံတဲ့ ဓါတုလက်နက်(Chemical Weapon)တွေကိုပါ ထုတ်သုံးနေတယ်လို့ ဆိုထားပါတယ်။

အခုလို စစ်ရေးအောင်ပွဲတွေနဲ့ စစ်အာဏာရှင်တွေကို အပြီးသတ်အနိုင်ယူဖို့ အခြေအနေကောင်းတွေ တည်ဆောက်နိုင်တာတွေဟာ PDF၊ ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေက ထိုးနှက်တိုက်ခိုက်တာ၊ EROs တွေရဲ့ ကူညီပေးတာနဲ့ ပြည်သူရဲ့ ထောက်ပံ့ကူညီတာကြောင့်ဖြစ်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 31 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ