ဇန်နဝါရီလ (၂၃) ရက်။
ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ (၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်ထုတ်ဖို့ မီဇိုရမ်ကို ရောက်ရှိလာတဲ့ စစ်တပ်ရဲ့လေယာဉ်ဟာ အိုင်ဇောမြို့အနီး လဲန်ပွီးလေယာဉ်ကွင်းမှာ ပြေးလမ်းလွဲချော်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီလေယာဉ်ဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်ထုတ်ဖို့ ဒီမနက်ပိုင်းမှာ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဒေသတွင်းသတင်ဌာနတွေနဲ့ ချင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်မောင်းတွေ အပါအဝင် လူ (၁၄) ဦး လိုက်ပါပြီး (၈) ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။




