ဖေဖော်ဝါရီလ (၂၃)ရက်။
ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းမြို့မရဲခစန်းကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့တွေမှာရှိတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ မြို့၊ ရွာ၊ လူနေအိမ်တွေကို ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
အခု ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်တဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းဟာ စစ်တွေမြို့နဲ့ (၂၁)မိုင်ခန့်သာကွာဝေးပြီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။
အခုအချိန်မှာ ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် (၆)ခုအထိ သိမ်းပိုက်ရရှိထားတဲ့ AA ဟာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာပါ။
ဒါ့ပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီရဲ့စခန်းတွေကို သိမ်းပိုက်ရရှိဖို့အတွက် AA က ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
မင်းပြားမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို သိမ်းပိုက်ရရှိဖို့အတွက် AA က ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ (၅)ရက်မြောက်နေ့အနေနဲ့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။