ဇူလိုင်လ (၂၂)ရက်။
ဆေးခွင့်ယူထားတဲ့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာ၀န်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွဲပြောင်းယူလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျန်းမာရေးဆိုးရွားနေတဲ့ ဦးမြင့်ဆွေဟာ ကာ/လုံဆိုင်ရာတာ၀န်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ လွှဲပြောင်းအပ်နှံတာလို့ ဆိုပါတယ်။
ဒီလိုတာ၀န်တွေကို လွှဲပြောင်းအပ်နှံတာကို ယာယီသမ္မတရုံးက စစ်ကောင်စီဥက္ကဌရုံးကို အကြောင်းကြားစာ ပေးပို့ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဒီကနေ့မှာ ကာ/လုံကိစ္စရပ်တွေအတွက် ဦးမြင့်ဆွေရဲ့ တာ၀န်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွဲပြောင်းအပ်နှံတာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလကုန်မှာ အရေးပေါ်ကာလ (၆)လသက်တမ်းတိုးထားတာပြည့်တော့မယ့် စစ်ကောင်စီဟာ သက်တမ်းတိုးစာဖတ်မယ့် ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းတာကြောင့် အခုလို တာ၀န်လွှဲပြောင်းယူတာတွေ ရှိနေတာပါ။
ဦးမြင့်ဆွေဟာ အခြားအချိန်တွေမှာ မတွေ့ရပေမယ့် စစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်းထပ်တိုးမယ့်စာဖတ်တဲ့ (၆)လတကြိမ်မှာတော့ ပေါ်လာနေရတာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။