ဇူလိုင်လ (၂၄)ရက်။
ဒီကနေ့ ရန်ကုန်မြို့မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုသူရအောင်တို့ ကြိုးပေးသတ်ဖြတ်ခံရတဲ့ (၂)နှစ်ပြည့်အနေနဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုထဲ “ အားလုံးစုစည်းနေရင် ဘာမှမဖြစ်” ၊ “ တရားတဲ့သူသာ နိုင်ကြေးဟေ့” စာတန်းတို့ကို အင်းလျားကန်ဘောင်နဲ့ နေရာအချို့မှာ ချိတ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ)၊ (NGYSC ) တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၃)ရက်က အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ (၄)ဦးကို ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့တာပါ။
ဒါ့ပြင် နွေဦးတော်လှန်ရေးထဲ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အလေးပြုတယ်လို့ သပိတ်ကော်မတီတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။



