နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ “ ဦး၀င်းမြင့်သာလျှင် ငါတို့သမ္မတ” ဆိုတဲ့ဘန်နာစာတန်းချိတ်ဆွဲတဲ့ လှုပ်ရှားမှုပြုလုပ်

ဇူလိုင်လ (၂၃)ရက်။

ဒီကနေ့ ရန်ကုန်မြို့မှာ “ ဦး၀င်းမြင့်သာလျှင် ငါတို့သမ္မတ” ဆိုတဲ့ ဘန်နာစာသားချိတ်ဆွဲတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)ထံက သိရပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အခုလို စာသားချိတ်ဆွဲခဲ့တာကို ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ(NGYSC)တို့ပူးပေါင်းကာ ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတတာ၀န်ကို ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေတာကြောင့်ဆိုပြီး သူ့ကိုယ်သူ ပြန်လည်ခန့်အပ်ခဲ့တာပါ။

အခုဇူလိုင်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် အရေးပေါ်ကာလကို သက်တမ်းထပ်တိုးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဆင်နေတယ်လို့လဲ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို သိရပါတယ်။ လူမျိုးစုတွေအနေနဲ့ အခုအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး လက်တွေ့ရင်ဆိုင်ကာ
မြန်မာသတင်း

လက်ပံတန်းရှိ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၁၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၆)နာရီအချိန်က လက်ပံတန်းမြို ဆင်တလင်းရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို အရှိချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်တလင်းရွာရှိ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာမှာ စခန်းမှာ ဦးစီးတဲ့ ဒုရဲအုပ်အပါအဝင်
မြန်မာသတင်း

NUG ပြုပြင်ပြောင်းလဲရေး လူထုထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြမယ်လို ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၉)ရက်။ NUG ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထရဲ့ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြဖို ကြိုးစားမယ်လို ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အစိုးရအဖွဲပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာ
မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့က ခင်ဦးနယ်အရှေ့တောင်ခြမ်းရှိ ဧရာဝတီမြစ်ကူးဆိပ်ကမ်း (၂)ခုကို စစ်တပ်က ဂျက်ဖိုက်တာ (၅)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Justice for
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 32 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ