ရှမ်းမြောက် လားရှိုးမှာ ရမခလက်အောက်ခံ ဒုတိယဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိစစ်သည် ၃၁၇ ဦး MNDAA ထံ လက်နက်ချ
ဇူလိုင်လ (၂၃) ရက်။
ရှမ်းမြောက် လားရှိုးမှာ ရမခလက်အောက်ခံ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်ပြီးအရာရှိစစ်သည် ၃၁၇ ဦး တပ်ရင်းအလိုက် MNDAA ထံ လက်နက်ချသွားကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က သတင်းအရ လားရှိုးအခြေစိုက် ခလရ ၄၁ နဲ့ ခလရ ၆၈ တို့ကို MNDAA က သိမ်းပိုက်လိုက်ပြီး ခမရ ၅၀၇ လည်း ဗဟိုကင်းအထိ ဆုတ်ထားရတဲ့အတွက် မကြာခင် MNDAA က သိမ်းပိုက်နိုင်တော့မယ့် အခြေအနေကို ရောက်ရှိသွားပြီးလို့ သိရှိရပါတယ်။
လက်ရှိအချိန်မှာတော့ လားရှိုး လေယာဉ်းကွင်းဘက်ထိ MNDAA တပ်တွေ စတင်တိုက်နေပြီလို့ သိရပြီး လားရှိးနေရာအနှံ MNDAA က ထိုးစစ်စတင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။