နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကျဉ်းထောင်တွေထဲ နိုင်/ကျဉ်းတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် နိုင်/ကျဉ်း (၁၀၀)ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

ဩဂုတ်လ (၂၃)ရက်။

အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၁၉)ရက်နေ့က နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးတဲ့နေရာကို အမျိုးသားထောင်၀န်ထမ်းတွေ မကြာခဏ ၀င်လာတဲ့အပေါ် အဆောင်မှူးကို တိုင်ကြားရာက စကားများပြီး လေးခွနဲ့ပစ်ခံရကာ နိုင်ငံရေးအကျဉ်းသူ (၈)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၂၀)ရက်နေ့က ဒိုက်ဦးထောင်ရှိ အမျိုးသမီးအဆောင်ကို အမျိုးသားထောင်၀န်ထမ်းတွေပါတဲ့ ထောင်အာဏာပိုင်တွေက သေနတ်၊ ရာဘာတုတ်၊ ကျဉ်စက်၊ လေးခွ စတဲ့ လက်နက်အပြည့်အစုံနဲ့ ၀င်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ထောင်အာဏာပိုင်တွေက အမျိုးသား၀န်ထမ်းတွေကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်ရုံသာမက ညပိုင်းအချိန်တွေမှာ လက်နက်အပြည့်အစုံနဲ့ အမျိုးသမီးအဆောင်ထဲ ၀င်ရောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ် များစွာစိုးရိမ်ရတယ်လို့ ရေးသားထားပါတယ်။

ဇွန်လ (၁၅)ရက်နေ့ကလဲ ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ (၄၀)ကျော်ကို မူးယစ်ဆေးဝါးနဲ့ တရားမ၀င်ပစ္စည်းတွေ တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက သေနတ်ပစ်ဖောက် ရိုက်နှက်တာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးဘဲ ရက်ပေါင်းများစွာ တိုက်ပိတ်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာ စစ်ကြောရေးမှာရရှိတဲ့ နံရိုးကျိုးဒဏ်ရာကို ဆေးကုသခွင့်မရတာကြောင့် အရိုးတီဘီရောဂါ ခံစားခဲ့ရပြီး အခြေအနေဆိုးရွားတဲ့အချိန် လွိုင်ကော်ထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့ကာ ကွယ်လွန်ကာနီး ဩဂုတ်လ (၁၆)ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဖေမောင်စိမ်းဟာ အင်းစိန်ဆေးရုံမှာ ဆေးကုသတဲ့အချိန် သံခြေကျင်းခတ်ခံထားရကာ ဩဂုတ်လ (၁၉)ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပြီး သူ့လို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အသက်ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၁)ဦးရှိနေပြီလို့ ဆိုပါတယ်။

AAPP အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်တာ ကျူးလွန်နေသူတွေကို မှတ်တမ်းတင်ဖော်ထုတ်ပြီး အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုတွေအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 30 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 27 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ