ဩဂုတ်လ (၂၃)ရက်။
မနေ့က နံနက် (၁ဝ)နာရီအချိန် လောင်းလုံးမြို့၊ ကျောက်နီမော်ရွာမှာ ပျူစောထီးတွေ စုဝေးနေချိန် ရုတ်ရက် ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရုတ်တရက်တိုက်ခိုက်ခံရတာကြောင့် ကျောင်နီမော်ရွာက ပျူစောထီးခေါင်းဆောင် စိုးသန်းအပါအ၀င် သူတို့အားလုံး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒုတိယပစ်မှတ်အနေနဲ့ ပျူစောထီး ကြယ်ဖြူရဲ့နေအိမ်ကို ထပ်မံဝိုင်းထားချိန် သူဟာ အိမ်ပေါ်ကခုန်ချကာ ပစ်ခတ်ခဲ့တာကြောင့် မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ပျူစောထီးကြယ်ဖြူဟာ ရေထဲခုန်ချပြီး တစ်ဖက်ကမ်းကို ကူးခတ်လွတ်မြောက်သွားကာ သူ့ရဲ့အမျိုးသမီးဖြစ်သူဟာလဲ ပျူစောထီးအဖွဲ့၀င်ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး နေအိမ်ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
ပျူစောထီးကြယ်ဖြူနဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူဟာ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်ဖြစ်ပြီး ကြယ်ဖြူဆိုသူဟာ ယုတ်မာရိုင်းစိုင်းသူတစ်ဦးဖြစ်သလို ညောင်ပင်ရွာကို စစ်ကောင်စီစစ်ကြောင်း ၀င်ရောက်ခဲ့ချိန် ထိပ်ဆုံးကနေ ပါ၀င်ခဲ့သူလို့ ပြောဆိုထားပါတယ်။
အဲ့ဒီလိုပစ်ခတ်တာတွေဖြစ်ပွားတဲ့အချိန် စစ်ကောင်စီဘက်က လက်နက်ကြီး (၄)လုံးနဲ့ ပစ်ခတ်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲတွေအနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပျုစောထီးတွေကို လောင်းလုံးမြို့နယ်ပကဖက လိပ်ပြာတပ်စု၊ ဂဋ္ဌုန်တပ်စု၊ ကင်းမြှီးကောက်ပြောက်ကျားတပ်စုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။