ဩဂုတ်လ (၂၃)ရက်။
ဒီကနေ့ ကျောက်ပန်းတောင်းမြို့မရဲစခန်းက အမျိုးသမီးဒုရဲအုပ်တစ်ဦး CDF-KKG ထံ အလင်း၀င်လာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မရဲစခန်းက ဒုရဲအုပ်ဟာ CDF-KKG ထံကို မိသားစုနဲ့အတူ CDM ပြုလုပ် အလင်း၀င်လာတာလို့ ဆိုပါတယ်။
အလင်း၀င်ပြီး CDM ပြုလုပ်လာတဲ့ အမျိုးသမီးဒုရဲအုပ်နဲ့ မိသားစုကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို CDM ပြုလုပ်ပြီး အလင်း၀င်လာတဲ့ အမျိုးသမီးဒုရဲအုပ်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ CDF-KKG က ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။