နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးကြိုတင်ပြင်ဆင်ကြဖို့ ရွှေမသင်းသတိပေး

အောက်တိုဘာလ (၂၃)ရက်။

ရန်ကုန်တိုင်းထဲရှိ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ လုံခြုံရေးစနစ်တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ရွှေလုပ်ငန်းရှင်များအသင်းက မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ရွှေဆိုင်တွေမှာ စီစီတီဗီတွေ တပ်ဆင်ထားတဲ့အတိုင်း ရွှေဆိုင်ပိုင်ရှင်တွေ နေထိုင်တဲ့ အိမ်နေရာပတ်ဝန်းကျင်နဲ့ ကားပါကင်နေရာတွေမှာ စီစီတီဗီ ကင်မရာတွေနဲ့ အရေးပေါ် Alarm Bell တွေ တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။

ရွှေ/ငွေ သယ်ဆောင်တဲ့ ကားတွေမှာလဲ ကင်မရာတပ်ဆင်တာနဲ့ GPS စနစ် ထားရှိတာတို့ကို ကြိုတင်ပြင်ဆင်ပြီး လုယက်တာတွေ မဖြစ်ပေါ်အောင် ကာကွယ်နိုင်ဖို့ အသိပေးထားပါတယ်။

“ စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ဘယ်နေရာတွေကမှ မလုံခြုံတော့ဘူးလို့ ခံစားနေရတာ။ ရွှေဆိုင်တွေ ဘဏ်တွေ နောက်‌ဆုံး နေ့ခင်းပိုင်း လူစည်တဲ့နေရာမှာတောင် လုယက်တာတွေ ဓါးပြတိုက်တာတွေက ဖြစ်နေတာ။ သူတို့(စစ်တပ်)ကို ကြောက်ရတာတမျိုး လုယက်တဲ့သူတွေကို ကြောက်ရတာတမျိုး စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတာ” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ (၂၁)ရက်နေ့က လှိုင်မြို့နယ်ထဲ ရွှေထည် (၅)ပိသာပါတဲ့ သေတ္တာ (၃)လုံးကို ကားနဲ့ ဆိုင်ကနေ နေအိမ်ကို ပြန်ပို့ခိုင်းချိန် နေအိမ်ခြံရှေ့အရောက်မှာ လူ (၂)ဦးက သေနတ်ပစ်ဖောက်ပြီး လုယက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်တွေနဲ့ပတ်သက်ပြီး လုံခြုံရေး ကြိုတင်ပြင်ဆင်ကြဖို့ သတိပေးစာ ပေါ်ပေါက်လာတာပါ။

စစ်တပ်အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး အခုအချိန်အထိ ပြည်တွင်းမှာ မတည်မငြိမ်တာတွေ ဖြစ်ပွားနေပြီး ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ လုယက်ဓါးပြတိုက်တာတွေ ပိုမိုဖြစ်ပွားလာတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က