နိုဝင်ဘာလ (၂၃)ရက်။
မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့ ခမရ(၄၀၄)တပ်စခန်းတို့ စုပေါင်းထားတဲ့ မဟာဗျူဟာကျတဲ့ တပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
မထောအခြေစိုက်တပ်စခန်းသိမ်းကို KNLA တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်နဲ့ အမြောက်တွေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ရှုံးစစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိကာ စာရင်းအသေးစိတ်အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်သွားမယ်လို့ KNU က ပြောဆိုထားပါတယ်။
အခုလို မဟာဗျူဟာကျတဲ့ မယ်ထောအခြေစိုက်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိဘူးလို့ သိရပါတယ်။