နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

နိုဝင်ဘာလ (၂၃)ရက်။

မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။

“ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်တာ (၂)ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စိန်ပန်းကုန်းရွာအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၂)ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပြီး စာရင်းအတိအကျကိုတော့ မသိရသေးပါ။

မနေ့က မတ္တရာမြို့အနောက်ခြမ်းရှိ မြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ ကြဲချခဲ့တာကြောင့် ဒေသခံအများအပြား မူး‌မေ့သတိလစ်တာတွေ ရှိခဲ့ပါတယ်။

အခုလို ဓါတုလက်နက်တွေ အသုံးပြုတိုက်ခိုက်တဲ့ ဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့က အကြံပြုချက်တွေ ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် ဒီကနေ့ နံနက်ပိုင်းအချိန်ကလဲ မတ္တရာမြို့အနောက်ခြမ်းရှိ သမင်ခြံရွာနဲ့ သူဌေးကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကာ ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါ။

မတ္တရာနယ်ထဲ မနေ့က နံနက်ပိုင်းအချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့