နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘာသာရေးခေါင်းဆောင်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် မရာ တော်လှန်ရေးအင်အားစု (၂) ခုအကြား သဘောတူချက်ရ

မေလ (၂၄) ရက်။

မရာဧဝံဂေလိအသင်းတော်ရဲ့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် မရာလဲန်းကာကွယ်ရေးတပ် (MDF) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ် (မရာ) CDF-Mara တို့ကြား နှစ်ဖက်သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

MDF နဲ့ CDF-Mara တို့အကြား ပြီးခဲ့တဲ့လတွေက ထိပ်တိုက်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး လူအသေအရောက်ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

မရာနယ်မြေမှာ မရာလက်နက်ကိုင် တစ်ဖွဲ့ပဲ ရှိရမယ်။ အစိုးရလည်း တစ်ခုဘဲရှိရမယ်စတဲ့ အချက်တွေအပေါ် သဘောတူညီမှု ရရှိခဲ့တယ်လို့ ချင်းတော်လှန်ရေးအင်အားစုသတင်းရင်းမြစ်ဆီက သိရပါတယ်။

သဘောတူညီချက်ထဲမှာ မရာလူထုကောင်စီခေါ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မယ်။ ရွေးကောက်ပွဲကျင်းပပြီး ၁၄ ရက်အတွင်း နှစ်ဖက်အဖွဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ ပြည်သူတွေကို ပြန်လွှတ်ရမယ်ဆိုတာတွေ ပါရှိတယ်လို့ သိရပါတယ်။

MDF နဲ့ CDF-Mara တို့ဟာ ချင်းပြည်နယ် မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့မှ မရာ (ချင်း) မျိုးနွယ်စုဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပါတယ်။

MDF က ချင်းညီနောင်နဲ့ မဟာမိတ်ဖွဲ့ထားပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းပြီး ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

CDF-Mara ကတော့ CNA နဲ့ ပူးပေါင်းပြီး လိုင်လင်းပီမြို့ကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 13 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 6 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတိုင်ခင်ရွာအနီး ကင်းလှည့်ထွက်လာတဲ့ စခတွေ၊ ရဲတွေနဲ့ စစ်မှုထမ်းခိုင်းဖို့
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 10 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို
မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 18 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 15 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု