နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

အောက်တိုဘာလ (၂၄)ရက်။

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။

စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသ(၃)ခုက စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးအတွက် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ဆောင်ရွက်နေတာလို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီလက်အောက်ခံ ကန့်ဘလူဗျူဟာမှူးရဲ့ အမိန့်အောက်မှာ စစ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ အရန်အင်အားဖြစ်တယ်လို့လဲ ရေးသားထားပါသေးတယ်။

ဒါ့အပြင် ကန့်ဘလူခရိုင်ထဲ မကြာမီရက်ပိုင်းမှာ စစ်ဆင်ရေးစတင်တော့မှာဖြစ်ပြီး ပွင့်လင်းရာသီ ရောက်ပြီဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်ဆိုပြီး မနေ့က ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ကန့်ဘလူတောင်ခြမ်းနဲ့ ကျွန်းလှနယ်မြောက်ဘက်တို့မှာ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ ဝါသဝ ပြည်သူ့စစ်အဖွဲ့က သတိပေးထားပါတယ်။

အခုလို သတိပေးပြောဆိုတာတွေနဲ့အတူ သင်္ကန်းဝတ် ဝါသဝဟာ စစ်ကိုင်းတိုင်းထဲရှိ ရေဦး၊ ကန့်ဘလူနဲ့ ဒီပဲယင်းနယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က