နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

အောက်တိုဘာလ (၂၄)ရက်။

သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သူတို့ (၂)ဦးကို အောက်တိုဘာလ (၁၂)ရက်နေ့ ညနေပိုင်း သိမ်ဇရပ်မြို့နယ် သုံးခွရွာက PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားပြီး ဝင်လာတာကနေ ဖမ်းမိခဲ့တာပါ။ သူတို့နဲ့အတူ လက်နက်ခဲယမ်းတွေကော သက်သေခံလက်မှတ်တွေပါ သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးဖြစ်သူ သူနာပြုတို့ဟာ အောက်တိုဘာလ (၁၂)ရက်နေ့ ညနေ (၄)နာရီ (၄၀)မိနစ်အချိန်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာခဲ့တာပါ။

အခုလို PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းဆီးခံခဲ့ရသူဟာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀)က ဗိုလ်အဆင့်ရှိသူ ဟိန်းဇေယျာဦးနဲ့ သူနာပြုဆရာမ ထက်ထက်နိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ (၂)ဦးကို KNU ကျေးနယ်အဖွဲ့နဲ့ ကျိုက်ထိုပကဖတို့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ၊ ယူနီဖောင်းတွေနဲ့ သက်သေခံလက်မှတ်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။

အခုအခါမှာတော့ ဖမ်းဆီးရမိခဲ့သူတွေကို သက်ဆိုင်ရာ KNU/KNLA အဖွဲ့ထံ အပ်နှံခဲ့ပြီး ကြားကာလ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 21 Views
တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန် ဇူလိုင်လ (၁၀)ရက်။ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့
မြန်မာသတင်း

ရန်ကုန် လှိုင်မြို့ရှိ စစ်ကြောရေးဝင်းထဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းခံထားရတဲ့ လူငယ်တစ်ဦး အဆုံးစီရင်မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 13 Views
ဇူလိုင်လ (၁၀)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အုတ်ကျင်းစစ်ကြောရေးဝင်းထဲ လူငယ်အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ မနေ့က နေ့ခင်း (၃)နာရီလောက် လှိုင်မြို့ အုတ်ကျင်းစစ်ကြောရေးဝင်းထဲမှာ စစ်မှုထမ်းဖို့ဆိုပြီး
မြန်မာသတင်း

အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 15 Views
ဇူလိုင်လ (၁၀)ရက်။ ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်ရှိ အာရှတော်ဝင်ဆေးရုံမှာ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်မှာ ဆရာတော် ဘဝနတ်ထံ
မြန်မာသတင်း

KIO ဥက္ကဋ္ဌကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 30 Views
တရုတ်မှာ ဆေးကုသမှု ခံယူနေတာလို့ KIO တုံ့ပြန် ဇူလိုင်လ (၉)ရက်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်ဆိုပြီး အခုရက်ပိုင်းထဲကစတင်ကာ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အခုလို ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း တရက်ထဲ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 31 Views
ဇူလိုင်လ (၉)ရက်။ မနေ့က တရက်ထဲ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က တရက်ထဲ စစ်ရှုံးကောင်စီရဲ့
မြန်မာသတင်း

ရေကြည်မြို့မှာ တပ်ပြေးတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး (၂)ဦးပြန်ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 28 Views
ဇူလိုင်လ (၉)ရက်။ မနေ့က ညပိုင်းအချိန်က ရေကြည်မြို့နယ်၊ အသုတ်မြို့ တဇောင်းရိုးရွာမှာ တပ်ထဲကထွက်ပြေးလာသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စခတပ်ကထွက်ပြေးတာ (၅)ဦး၊ အဲ့ဒါကို လိုက်ဖမ်းတာ အသုတ်မြို့ တဇောင်းရိုးရွာအထွက်
မြန်မာသတင်း

အမေရိကန်ရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 26 Views
ဇူလိုင်လ (၉)ရက်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေးပို့လာတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာနဲ့ပတ်သက်ပြီး စစ်ကောင်စီက