နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

အောက်တိုဘာလ (၂၄) ရက်။

ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမ်းမြိုနယ်အတွင်းက ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ (စရဖ) နဲ့ ဆေးတပ်တွေကို တပ်ဆုတ်သွားပြီး စစ်ဆေးရုံကိုလည်း အထက (၂) ထဲကို ယာယီပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ဒဏ်ရရတဲ့သူတွေလည်း များပြားတယ်လို့ သိရပါတယ်။

လက်ရှိတွင် အမှတ် (၃၇၄) အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကာကွယ်ဖို့ အခိုင်အမာ ပြင်ဆင်ထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနဲ့ မဲတောင်ဗျူဟာကုန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိတွင် အမ်းမြိုပေါ်ရှိ တိုင်းစစ်ဌာနချုပ်အနီး ကိုက် ၁၀၀ အကွာကို AA ထိုးစစ်ရောက်ရှိလာပြီလို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်လောက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပြီး စစ်ကောင်စီဘက်က စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့ပေးနေတယ်လို့ သိရပါတယ်။

အေအေနဲ့စစ်ရေးနီးစပ်တဲ့မဟာမိတ်တွေရဲ့ အဆိုအရ အရင်ကတည်းက AA က “ နပခ” ကို ဖြတ်လေးဖြတ်နဲ့ပိတ်ဆို့ထားပြီး လိုအပ်တဲ့အချိန်မှာ တိုက်ခိုက်သိမ်းယူနိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့လည်း “ နပခ” မကျရှုံးရေးအတွက် ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) ကလည်း မဟာမိတ်တပ်တွေနဲ့ အတူ ပူးပေါင်းပြီး အမ်းမြိုနယ်အတွင်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိ အမ်းမြိုနယ်မှာတော့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် ခမရ (၃၇၁) ၊ ခမရ (၃၇၂) စတဲ့တပ်ရင်းတွေ ကျန်ရှိနေသေးပြီး ခံစစ်ပြင်ဆင်တိုက်ခိုက်နေပေမယ့် AA ရဲ့ ထိုးစစ်အောက်မှာ အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပြီး ခမရ (၃၇၂) ရဲ့ တပ်ရင်းမှူးလည်း အပြင်းအထန် ဒဏ်ရာ ရရှိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် အမ်းမြို့လေယာဉ်ကွင်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ လေယာဉ်မဆင်းသက်နိုင်တော့တဲ့အတွက် စစ်ကောင်စီက ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေကို လေထီးနဲ့ ချပေးနေရတယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ ရာထူးကြီးတဲ့ အရာရှိတွေကို လေယာဉ်နဲ့ သယ်ထုတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

ခမရ ၃၇၃၊ စရတ၊ ဆေးတပ် ၃ရင်းလုံး နပခဘက်ကို တပ်ဆုတ်ထားတယ်လို့ သိရပြီး မကြာခင်မှာ ၃၇၄၊ COD၊ အမြောက်တပ်တွေလည်း နပခဘက်ကို အကုန်တပ်ဆုပ်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား မောင်တော၊ အမ်း၊ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 37 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 38 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 38 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 26 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 24 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 47 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 49 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 46 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့