နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

အောက်တိုဘာလ (၂၄) ရက်။

ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမ်းမြိုနယ်အတွင်းက ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ (စရဖ) နဲ့ ဆေးတပ်တွေကို တပ်ဆုတ်သွားပြီး စစ်ဆေးရုံကိုလည်း အထက (၂) ထဲကို ယာယီပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ဒဏ်ရရတဲ့သူတွေလည်း များပြားတယ်လို့ သိရပါတယ်။

လက်ရှိတွင် အမှတ် (၃၇၄) အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကာကွယ်ဖို့ အခိုင်အမာ ပြင်ဆင်ထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနဲ့ မဲတောင်ဗျူဟာကုန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိတွင် အမ်းမြိုပေါ်ရှိ တိုင်းစစ်ဌာနချုပ်အနီး ကိုက် ၁၀၀ အကွာကို AA ထိုးစစ်ရောက်ရှိလာပြီလို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်လောက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပြီး စစ်ကောင်စီဘက်က စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့ပေးနေတယ်လို့ သိရပါတယ်။

အေအေနဲ့စစ်ရေးနီးစပ်တဲ့မဟာမိတ်တွေရဲ့ အဆိုအရ အရင်ကတည်းက AA က “ နပခ” ကို ဖြတ်လေးဖြတ်နဲ့ပိတ်ဆို့ထားပြီး လိုအပ်တဲ့အချိန်မှာ တိုက်ခိုက်သိမ်းယူနိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့လည်း “ နပခ” မကျရှုံးရေးအတွက် ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) ကလည်း မဟာမိတ်တပ်တွေနဲ့ အတူ ပူးပေါင်းပြီး အမ်းမြိုနယ်အတွင်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိ အမ်းမြိုနယ်မှာတော့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် ခမရ (၃၇၁) ၊ ခမရ (၃၇၂) စတဲ့တပ်ရင်းတွေ ကျန်ရှိနေသေးပြီး ခံစစ်ပြင်ဆင်တိုက်ခိုက်နေပေမယ့် AA ရဲ့ ထိုးစစ်အောက်မှာ အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပြီး ခမရ (၃၇၂) ရဲ့ တပ်ရင်းမှူးလည်း အပြင်းအထန် ဒဏ်ရာ ရရှိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် အမ်းမြို့လေယာဉ်ကွင်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ လေယာဉ်မဆင်းသက်နိုင်တော့တဲ့အတွက် စစ်ကောင်စီက ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေကို လေထီးနဲ့ ချပေးနေရတယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ ရာထူးကြီးတဲ့ အရာရှိတွေကို လေယာဉ်နဲ့ သယ်ထုတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

ခမရ ၃၇၃၊ စရတ၊ ဆေးတပ် ၃ရင်းလုံး နပခဘက်ကို တပ်ဆုတ်ထားတယ်လို့ သိရပြီး မကြာခင်မှာ ၃၇၄၊ COD၊ အမြောက်တပ်တွေလည်း နပခဘက်ကို အကုန်တပ်ဆုပ်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား မောင်တော၊ အမ်း၊ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 22 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 47 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 19 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊