နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်စနစ်ယန္တရားကင်းစင်တဲ့ မြို့နယ် (၇) ခုမှာ CDM တွေ ပူးပေါင်းဆောင်ရွက်ဖို့ TNLA ဖိတ်ခေါ်

ဇန်နဝါရီလ (၂၅)ရက်။

အာဏာရှင်စနစ်ယန္တရားကင်းစင်တဲ့ တအာင်းဒေသ မြို့နယ် (၇)ခုမှာ CDM တွေ ပူးပေါင်းဆောင်ရွက်ဖို့ TNLA ရဲ့ ဇန်နဝါရီလ (၂၄)ရက်နေ့ရက်စွဲနဲ့ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

PSLF/TNLA အနေနဲ့ CDM ပြုလုပ်ကြတဲ့ မိတ်ဆွေတွေနဲ့ အတူတကွ လက်တွဲပြီး တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ဒေသအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခု ၂၀၂၄ခုနှစ်မှာ မြို့ပေါ်အပါအဝင် မြို့နယ် (၇)ခုတို့ကို အာဏာရှင်စနစ်ယန္တရားကင်းစင်တဲ့ တအာင်းဒေသအဖြစ်ကို ရောက်ရှိအောင် TNLA က ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မိတ်ဆွေတွေအနေနဲ့ အာဏာရှင်စနစ်ယန္တရားကင်းစင်သွားတဲ့ တအာင်းဒေသမှာ TNLA နဲ့အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို ဖိတ်ခေါ်ထားပါတယ်။

ဒါ့ပြင် အာဏာရှင်စနစ် ကျဆုံးပျက်သုဉ်းရေးလုပ်ငန်းစဉ်မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် CDM ဝန်ထမ်းတွေကို တအာင်းဒေသကနေ ဖိတ်ခေါ်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို
မြန်မာသတင်း

စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ အာဏာရှင်တော်လှန်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ လူစည်ကားတဲ့ ဈေးတစ်ခုမှာ စစ်အာဏာရှင်တေယ်လှန်တဲ့ လှုပ်ရှားမှုတရပ်ကို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ
မြန်မာသတင်း

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၈)ရက်။ မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က NLD အဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလပဉ္စမအကြိမ် အစည်းအဝေးကို
မြန်မာသတင်း

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 18 Views
ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ စစ်ကောင်စီဘက်က (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့ ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က” ပွင့်ဖြူမြို့မှာ စလင်းအခြေစိုက် တပ်ရင်း(၃)ခု
မြန်မာသတင်း

စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ ဟောင်ဝှစ်ဇာတွေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ဟောင်ဝှစ်ဇာတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ တပြိုင်ထဲ ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ညနက်ပိုင်းအချိန်ကစပြီး နံနက်အစောပိုင်းအချိန်အထိ စစ်တွေမြို့ပေါ်က စကစတပ်စခန်းတွေကို AA
မြန်မာသတင်း

အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းမိသားစုဝင်တွေဆီကနေ ထောင်ဝန်ထမ်းတွေက ငွေလိမ်တောင်းတာတွေ ဆိုးရွာစွာကျူးလွန်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ အခုနှစ် အစပိုင်းကစပြီး အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတာတွေ ဆိုးရွားစွာကျူးလွန်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်၊ ဒိုက်ဦးထောင်နဲ့ မြိတ်ထောင်တို့က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့
မြန်မာသတင်း

အမျိုးသမီးစစ်မှုထမ်း မခေါ်သေးဘူးဆိုပြီး စစ်ကောင်စီထပ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၈)ရက်။ အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထပ်မံပြောဆိုထားချက်အရ သိရပါတယ်။ “ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူး”
မြန်မာသတင်း

မိုင်းရယ်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေတာကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ