နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက်နဲ့ ပြင်ဦးလွင်တို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေ၊ ၁၀၂၇နောက်တလှိုင်းလာပြီလို့ တော်လှန်ရေးအင်အားစုတွေပြော

ဇွန်လ (၂၅)ရက်။

ဒီကနေ့ နံနက်(၆)နာရီခွဲအချိန်ကစပြီး ရှမ်းမြောက်ဒေသနဲ့ ပြင်ဦးလွင်ခရိုင်တို့ကနေရာတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ ဒီမနက် (၆)နာရီကျော်လောက်ကစပြီး နောင်ချိုနဲ့ ကျောက်မဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ စခန်းသာတောင်ဘက်နဲ့ ငြိမ်းချမ်းရေးစခန်းကုန်းဘက်မှာလဲ ပစ်ခတ်သံတွေကြားရတယ်၊ လမ်းပိုင်းတွေလဲ ပိတ်ထားတယ်၊ ပြည်ထောင်စုလမ်းမကြီးလဲ သွားမရဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ အခြေအနေတင်းမာနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ပြီး ရက်ပိုင်းမှာပဲ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

“ စစ်အာဏာရှင်ဖြုတ်ချဖို့ တော်လှန်ရေးလုပ်နေတဲ့ကာလမှာ အောင်မြင်မှုမရခင် အခက်အခဲတွေ ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးနဲ့ စားနပ်ရိက္ခာဖူလုံဖို့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်” လို့ ဗိုလ်ချုပ် တားဘုန်းကျော်က အသိပေးထားပါတယ်။

နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်ထောင်စုလမ်းပိုင်းအပါအဝင် လမ်းပိုင်းအချို့ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

အခုလို ရှမ်းမြောက်ဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ၁၀၂၇စစ်ဆင်ရေး နောက်တစ်လှိုင်းလာပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ဖက်ဆစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

“ စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံးခုန်ချနိုင်တဲ့သူဟာ အသက်ချမ်းသာရမှာဖြစ်ပါတယ်။ ပြည်သူတွေကလဲ အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုနေပါတယ်” လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့ရှိ ဗဟိုဈေးလဲ ယာယီပိတ်ထားကာ ဒေသခံအများအပြားလဲ စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 13 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 33 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 166 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 22 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 36 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 25 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်