နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက်နဲ့ ပြင်ဦးလွင်တို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေ၊ ၁၀၂၇နောက်တလှိုင်းလာပြီလို့ တော်လှန်ရေးအင်အားစုတွေပြော

ဇွန်လ (၂၅)ရက်။

ဒီကနေ့ နံနက်(၆)နာရီခွဲအချိန်ကစပြီး ရှမ်းမြောက်ဒေသနဲ့ ပြင်ဦးလွင်ခရိုင်တို့ကနေရာတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ဒီမနက် (၆)နာရီကျော်လောက်ကစပြီး နောင်ချိုနဲ့ ကျောက်မဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ စခန်းသာတောင်ဘက်နဲ့ ငြိမ်းချမ်းရေးစခန်းကုန်းဘက်မှာလဲ ပစ်ခတ်သံတွေကြားရတယ်၊ လမ်းပိုင်းတွေလဲ ပိတ်ထားတယ်၊ ပြည်ထောင်စုလမ်းမကြီးလဲ သွားမရဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ အခြေအနေတင်းမာနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ပြီး ရက်ပိုင်းမှာပဲ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

“စစ်အာဏာရှင်ဖြုတ်ချဖို့ တော်လှန်ရေးလုပ်နေတဲ့ကာလမှာ အောင်မြင်မှုမရခင် အခက်အခဲတွေ ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးနဲ့ စားနပ်ရိက္ခာဖူလုံဖို့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်”လို့ ဗိုလ်ချုပ် တားဘုန်းကျော်က အသိပေးထားပါတယ်။

နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်ထောင်စုလမ်းပိုင်းအပါအဝင် လမ်းပိုင်းအချို့ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

အခုလို ရှမ်းမြောက်ဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ၁၀၂၇စစ်ဆင်ရေး နောက်တစ်လှိုင်းလာပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ဖက်ဆစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

“စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံးခုန်ချနိုင်တဲ့သူဟာ အသက်ချမ်းသာရမှာဖြစ်ပါတယ်။ ပြည်သူတွေကလဲ အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုနေပါတယ်”လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့ရှိ ဗဟိုဈေးလဲ ယာယီပိတ်ထားကာ ဒေသခံအများအပြားလဲ စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို