နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

1027 Operations

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲချဖို့ စစ်လော်ဘီတွေ‌လှုံ့ဆော်နေ

ဇူလိုင်လ (၂၅)ရက်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်အနေနဲ့ လေကြောင်းကနေ ပေါင် (၅၀၀) ဗုံးနဲ့ကြဲချ တိုက်ခိုက်ဖို့ စစ်လော်ဘီတွေက သူတို့ရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ လှုံ့ဆော်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

မနေ့က မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA)နဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီကိုထောက်ခံတဲ့ စစ်လော်ဘီတွေက မနေ့ကညပိုင်းမှာ ပြောဆိုနေကြတာပါ။

“ မိုးကုတ်ဘက်ကို ဗုံးကြဲလို့ပါသွားရင် တာ၀န်မယူဘူးနော်” ၊ “ ပေါင် (၅၀၀)ဗုံးနဲ့ စကြဲနေပြီတဲ့” ၊ “ မိုးကုတ်ကလူတွေ အိပ်ပျော်အောင်အိပ်ကြ” နဲ့ “ စစ်ကို လက်ယက်ခေါ်နေတဲ့ မိုးကုတ်” ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားထားကြပါတယ်။

“ စကစ‌ဘက်က သူတို့ဆုံးရှုံးလိုက်ရပြီဆိုရင် အဲ့ဒီနေရာကို ဗုံးကြဲမယ်၊ မီးရှို့ပြီးဖျက်ဆီးမယ်၊ ထုံးစံအတိုင်း မစားရတဲ့အမဲ သဲနဲ့ပက်သလိုလုပ်တာ။ နောက်ပြီး သူတို့လက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားနယ်မြေတွေကို လေကြောင်းဗုံးကြဲပြီး ဖျက်ဆီးမယ်လို့ ပြောဆိုထားပြီးသား” လို့ စစ်ရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့နဲ့ ဆွေးနွေးပွဲတခုထဲ တိုင်းရင်းသားနယ်မြေတွေကို ဗုံးကြဲတာတွေ ဆက်လုပ်နေမယ်ဆိုတာ အတိအလင်း ပြောဆိုခဲ့သေးတယ်လို့ TNLA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ညနေပိုင်းအချိန်မှာ မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ မြို့ထဲကို ၀င်ရောက်လာတဲ့အချိန် မြို့ခံပြည်သူတွေက ‌သပြေပန်းတွေနဲ့ ၀မ်းပန်းတသာ ကြိုဆိုခဲ့တဲ့ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ (၃၀)ရက်မြောက်နေ့မှာ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 86 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 26 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 16 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 39 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 43 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 46 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ