မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၉)
ဒီအပတ် မြန်မာ့အရေး-ထိုင်းအတွေး အခန်းကဏ္ဍမှာ ပင်တိုင်ဆွေးနွေးတင်ပြနေတဲ့ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယုက ထိုင်းအစိုးရအတွင်း လူထုထောက်ခံမှု အများဆုံးရရှိခဲ့တဲ့ လူငယ်ပါတီဖြစ်တဲ့ ရှေ့သို့ချီ (Move Forward) ပါတီ ကို ထိုင်းစစ်တပ်နဲ့ ဝန်ကြီးချုပ်ဟောင်းသပ်ဆင်တို့က ပူးပေါင်းဖျက်သိမ်းဖို့ ကြိုးစားဆောင်ရွက်နေတဲ့ကြားက လူငယ်တွေက ဘယ်လိုပြင်ဆင် တုံ့ပြန်နေသလဲဆိုတာကို တင်ပြထားပြီး ထိုင်း-မြန်မာကုန်သွယ်ရေးမှာ ထိုင်းက ဘယ်လောက်အကျိုးအမြတ်ရနေတယ်။ မသိနားမလည်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းကသူဌေးလူယုံတွေက သူတို့မှတ်ပုံတင်တွေနဲ့ ဘဏ်အကောင့်ဖွင့်ပြီး ငွေလိမ်ဂိုဏ်းတွေကို ဒေတာတွေ ရောင်းစားပြီး အကျိုးအမြတ်ရှာနေတဲ့အတွက် ဒီလိုကိစ္စတွေပေါ်လာရင် ကာယကံရှင်တွေက သူတို့မသိတဲ့ ကိစ္စအတွက် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ရှင်းပြထားပါတယ်။ ဒါ့အပြင်စစ်ကောင်စီက စစ်လက်နက်တွေ ဝယ်ယူဖို့ ထိုင်းဘဏ်တွေကို ပြောင်းလဲအသုံးချလာတာကို ပေါ်လာတဲ့အကြောင်းကိုလည်း ရှင်းပြထားပါတယ်။