နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးမှ ဒေသခံကာကွယ်ရေးတပ်များထံမှ လက်နက်များ ပြန်လည်တောင်းယူနေဟုဆို

စက်တင်ဘာလ (၂၄) ရက်။

MOD ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးမှ ဒေသခံကာကွယ်ရေးတပ်များထံမှ လက်နက်များ ပြန်လည်တောင်းယူနေတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေကြတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF) အပါအဝင် တပ်ရင်းတပ်ဖွဲ့တချို့ကို စက်တင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံကြဖို့ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက စက်တင်ဘာလ (၁၆) ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ အကြောင်းကြားစာတွင် ခိုင်လုံသည့် အကြောင်းပြချက် မပါရှိဘဲ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး လုပ်တာဟာ အဖွဲ့အစည်းတွေအပေါ် မလေးစားတဲ့ဆက်ဆုံမှုလို့ ယူဆကြောင်း ပြောဆိုထားပါတယ်။

ပြန်လည်အပ်နှံရန် အကြောင်းကြားလာတဲ့ လက်နက်တွေဟာ ခွဲမှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းရဲဘော်တွေကတဆင့် တော်လှန်ရေးလုပ်ဆောင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ရိုက်ထုတ်ပေးခဲ့တဲ့ လက်နက် (၄) လက် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပြုမူတာဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲများအကြား အပြန်အလှန်ယုံကြည်မှု လျော့ကျကာ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဦးတည်စေတယ်လို့ ပြောဆိုထားပါတယ်။

ထုတ်ပေးထားတဲ့ လက်နက်တွေကို ပြန်လည်အပ်နှံစေလိုပါက မူလက စတင်ချိတ်ဆက်ဆောင်ရွက်ခဲ့စဉ်ကအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျန်ရှိနေတဲ့ ကိစ္စရပ်တွေကို ဦးစွာ ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်လို့ရမယ်လို့ YPDF အနေနဲ့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

YPDF အနေနဲ့ လက်နက်တွေကို ပြန်လည်အပ်နှံတာ မပြုလုပ်နိုင်သေးကြောင်းနဲ့ အခုလို အပြန်အလှန်လေးစားမှု မရှိတဲ့ ပြုမူဆောင်ရွက်တာအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း YPDF ဗဟိုဦးဆောင်ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့
မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 22 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ က သူတို့အစိုးရအနေနဲ့ လက်တွေ့အလုပ်နဲ့ သက်သေပြမယ်ဆိုပြီး ကြုံးဝါးလိုက်တာ၊ NUG အောက်မှာမရှိတဲ့ အင်အားရှိတဲ့တော်လှန်ရေးတပ်ဖွဲ့
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဂျက်ဖရီ အက်က်စတိန်း (Jeffrey Epstein) နဲ့ ပတ်သက်တဲ့ ဖိုင်တွဲအသစ်တွေကို စတင်ထုတ်
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 49 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့