နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးမှ ဒေသခံကာကွယ်ရေးတပ်များထံမှ လက်နက်များ ပြန်လည်တောင်းယူနေဟုဆို

စက်တင်ဘာလ (၂၄) ရက်။

MOD ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးမှ ဒေသခံကာကွယ်ရေးတပ်များထံမှ လက်နက်များ ပြန်လည်တောင်းယူနေတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေကြတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF) အပါအဝင် တပ်ရင်းတပ်ဖွဲ့တချို့ကို စက်တင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံကြဖို့ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက စက်တင်ဘာလ (၁၆) ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ အကြောင်းကြားစာတွင် ခိုင်လုံသည့် အကြောင်းပြချက် မပါရှိဘဲ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး လုပ်တာဟာ အဖွဲ့အစည်းတွေအပေါ် မလေးစားတဲ့ဆက်ဆုံမှုလို့ ယူဆကြောင်း ပြောဆိုထားပါတယ်။

ပြန်လည်အပ်နှံရန် အကြောင်းကြားလာတဲ့ လက်နက်တွေဟာ ခွဲမှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းရဲဘော်တွေကတဆင့် တော်လှန်ရေးလုပ်ဆောင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ရိုက်ထုတ်ပေးခဲ့တဲ့ လက်နက် (၄) လက် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပြုမူတာဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲများအကြား အပြန်အလှန်ယုံကြည်မှု လျော့ကျကာ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဦးတည်စေတယ်လို့ ပြောဆိုထားပါတယ်။

ထုတ်ပေးထားတဲ့ လက်နက်တွေကို ပြန်လည်အပ်နှံစေလိုပါက မူလက စတင်ချိတ်ဆက်ဆောင်ရွက်ခဲ့စဉ်ကအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျန်ရှိနေတဲ့ ကိစ္စရပ်တွေကို ဦးစွာ ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်လို့ရမယ်လို့ YPDF အနေနဲ့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

YPDF အနေနဲ့ လက်နက်တွေကို ပြန်လည်အပ်နှံတာ မပြုလုပ်နိုင်သေးကြောင်းနဲ့ အခုလို အပြန်အလှန်လေးစားမှု မရှိတဲ့ ပြုမူဆောင်ရွက်တာအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း YPDF ဗဟိုဦးဆောင်ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို