နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

သံတွဲမြို့ပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအ၀င် (၁၃)ဦးထက်မနည်းသေဆုံးခဲ့

စက်တင်ဘာလ (၂၆)ရက်။

ဒီကနေ့ နံနက် (၈)နာရီအချိန်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအ၀င် (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။

“ နံနက် (၈)နာရီ၀န်းကျင်လောက်မှာ သံတွဲမြို့ပေါ်ကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ ရဲစခန်းအရှေ့ဘက်က မြို့နယ်ခန်းမနားကို ကျတာပါ။ ထိခိုက်သေဆုံးတာတွေ များတယ်။ ကလေးတွေလဲပါတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သံတွဲရဲစခန်းအရှေ့က အသစ်တည်ဆောက်ထားတဲ့ မြို့နယ်ခန်းမ အဆောက်အအုံသစ်အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ (၁၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂၃)ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို အာရက္ခတပ်တော်(AA)ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုထားကာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူတွေဟာ မြို့နယ်ခန်းမမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဖြစ်ပြီး သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါ၀င်တယ်လို့ သူက ဆက်လက်ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို စစ်ဘေးရှောင်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုကို ချိုးဖောက်တာဖြစ်သလို ဂျနီဗာကွန်ဗန်းရှင်းကိုလဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆိုပါတယ်။

သံတွဲမြို့ကို အခုလဆန်းပိုင်းကစတင်ပြီး အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့နောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ကြိမ် ပြုလုပ်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အုတ်တွင်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅၀)ဦးခန့်သေဆုံးကာ တပ်ပျက်ထွက်ပြေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 20 Views
ဇန်နဝါရီလ (၃၁)ရက်။ အုတ်တွင်းမြို့မှာ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၅၀)လောက်နဲ့ တိုင်းဗဟို(၆) အမြှောက်တပ်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းမှာ
မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 28 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ကြောညာတဲ့အမိန့်ကို ရက်ပေါင်း (၉၀) အတည်ဖြစ်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ NUG ကလည်းဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ပုံတွေကိုပြသခဲ့ပါတယ်။ တဖက်မှာလည်းအိမ်နီးချင်းတရုတ်နိုင်ငံကတောင်းလို့ပေးအပ်လိုက်ရတဲ့
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 35 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျနော်တို့
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 32 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ (၂၃)ရက်နေ့မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 33 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 32 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို