နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ပြော

အောက်တိုဘာလ (၂၆)ရက်။

လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေဖို့ အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ရဲ့ ဒီကနေ့မှာကျရောက်တဲ့ SNLD တည်ထောင်တာ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

KNPP အနေနဲ့ အားလုံးသော ရှမ်းတော်လှန်ရေးခေါင်းဆောင်တွေအပါအဝင် အခြားတော်လှန်ရေးအင်အားစုအသီးသီးနဲ့ အပြည့်အဝ ပူးပေါင်းချိတ်ဆက်ပြီး တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူအားလုံး ပါဝင်ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကြီးကနေ မဝေးတဲ့ကာလမှာ ရှမ်းတိုင်းရင်းသားတွေအပါအဝင် ညီနောင်တိုင်းရင်းသားအားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ထောင်နိုင်တော့မယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားတွေနဲ့အတူ ပြည်သူတွေအားလုံး ဘေးကင်းကျန်းမာပြီး စုစည်းညီညွတ်တဲ့အင်အားနဲ့ တော်လှန်ရေး ဘုံရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် အောင်မြင်နိုင်ကြစေဖို့လဲ KNPP က ဆန္ဒပြုပြောဆိုထားပါတယ်။

ဒါ့အပြင် အခုတော်လှန်ရေးကြီးမှာ ရှမ်းတိုင်းရင်းသားတရပ်လုံးက စစ်ဘေးဒဏ် ကြံ့ကြံ့ခံပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဂုဏ်ပြုဝမ်းမြောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

SNLD အနေနဲ့ ၁၉၈၈ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ရှမ်းလူမျိုးတွေ အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်နဲ့အညီ ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ဖို့အတွက် ကြိုးပမ်းခဲ့တာ ဒီကနေ့မှာ (၃၆)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 48 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 84 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
မြန်မာ့နိုင်ငံရေး

ဆီရီးယားလို အာဏာရှင်တွေ လက်မြှောက်အရှုံးပေးရအောင် NUG အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတတိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 71 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ
မြန်မာ့နိုင်ငံရေး

ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလလို့ UWSA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 78 Views
ဒီဇင်ဘာလ (၉)ရက်။ ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့
မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 69 Views
ဒီဇင်ဘာ (၅)ရက်။ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာအရေးအပေါ် အိန္ဒိယအစိုးရရဲ့ ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ India
မြန်မာ့နိုင်ငံရေး

ရေဦးနဲ့ တန့်ဆည်မှာ စစ်ကောင်စီတပ်က အိမ်ခြေ (၁၇၀)ကျော် မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 88 Views
နိုဝင်ဘာလ (၁၉)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့က ရေဦးနဲ့ တန့်ဆည်မြို့ရှိ ကျေးရွာ (၉)ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးအနောက်ခြမ်းက ရွာတွေနဲ့ တန့်ဆည်အရှေ့ခြမ်းက