နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

ဒီဇင်ဘာလ (၂၈)ရက်။

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက (၁၀)ခုကို AA က ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစီမံကိန်းတွေထဲ သံတွဲနဲ့ အမ်းမြို့မှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းကို AA က အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်းနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားတယ်လို့ ရေးသားထားပါတယ်။

AA ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေထဲ တန်ဖိုးအနေနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ ကန်ဒေါ်လာ သန်း(၁၀၉၀)၊ မန္တလေး-ကျောက်ဖြူရထားလမ်းက ကန်ဒေါ်လာ သန်း(၁၁၀၀၀)၊ ရေနံပိုက်လိုင်းက ကန်ဒေါလာ သန်း(၁၅၀၀)၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်က ကန်ဒေါ်လာ သန်း (၉၆၀၀)နဲ့ ကျောက်ဖြူ သဘာဝဓါတ်ငွေ့သုံးစွမ်းအင်စီမံကိန်းက ကန်ဒေါ်လာ သန်း(၁၈၀)တို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်ဆင်ရေးထဲ AA အနေနဲ့ ရခိုင်ရှိ တောင်ပြိုလက်ဝဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနဲ့ ကျိန္တလီတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့ကို သိမ်းပိုက်နိုင်ဖို့ အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ရခိုင်ဒေသမှာ စစ်ကောင်စီအနေနဲ့ နပခတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့အများအပြားကို လက်လွှတ်ဆုံးရှုံးထားရသလို စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့ကိုသာ စိုးမိုးထားနိုင်တော့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 60 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 56 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည် ကျောက်တော်မြိုပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တစ်ဝိုက်ကို စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 70 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄)
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 74 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 92 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 156 Views
ဧပြီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 286 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “(၂)နာရီ (၇)မိနစ်လောက်က ပုဏ္ဏယးကျွန်း ယိုးငူရွာက ဈေးတန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 986 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့