နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်ကို စစ်တိုက်ဖို့ ကြိုးစားနေပါတယ်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့ထုတ် Dhaka Tribune တွင်ပါရှိသည့် RAB DG: Myanmar trying to wage war against Bangladesh ကို ဘာသာပြန်ထားပါသည်။

ခြေမြန်လှုပ်ရှားမှုတပ် (Rapid Action Battalion (RAB)) ညွှန်ကြားရေးမှူးချုပ် အမ်ခါရှစ်ဟူစိန် (M Khurshid Hossain) က မြန်မာစစ်အစိုးရသည် အမျိုးမျိုးသော နည်းဗျူဟာများကို အသုံးပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ခင်းရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဝင်ရောက်လာမှုကနေစပြီး ဘင်္ဂလားဒေ့ရှ်ကို အမြဲတမ်း သွေးထိုးလှုံ့ဆော်နေပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ သဘောထား ခိုင်မာမှုကြောင့် အခြေအနေကို ထိန်းထားနိုင်ခဲ့ပါတယ်” ဟု ပြောသည်။ RAB ညွှန်ကြားရေးမှူးချုပ်သည် စနေနေ့က Kashiani upazila တွင် ကျင်းပပြုလုပ်သောအခမ်းအနားမှာ ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားခဲ့ရာမှာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု စစ်ထဲကိုဝင်တယ်ဆိုတာ တိုင်းပြည်ရဲ့အဆုံးသတ်ပဲ။ အခု မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အစိုးရ ရှိတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် စစ်ဖြစ်နေကြတယ်။ ဒါကြောင့် သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပြဿနာဖြစ်အောင် လုပ်ချင်တယ်” ဟု အမ်ခါရှစ်ဟူစိန်က ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း၏ အဓိကလမ်းကြောင်းမှာ မြန်မာနိုင်ငံဖြစ်သည်ဟု RAB ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့ပြီး ယခုအခါ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု ပြောခဲ့သည်။ “အခုဆိုရင် မူးယစ်ဆေးဝါးက လေကြောင်း၊ ရေကြောင်းနဲ့ မြန်မာနိုင်ငံဘက်က ဝင်တာပိုများလာတယ်။ အစီအစဉ်အတိုင်း ပေးပို့လျက်ရှိတယ်။ ပိုက်ကွန်ကို ဖြန့်ထားပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံး လူဆိုးဂိုဏ်းကွန်ရက်ကို အခု တစ်ခုခုလုပ်နိုင်မှာပါ” ဟု RAB တာဝန်ရှိသူက ပြောသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးသည် ယခုအချိန်တွင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်ဟုဆိုသည်။ မြန်မာလမ်းကြောင်းကို မည်သည့်နည်းဖြင့်မဆို ပိတ်ရမည်။ မူးယစ်ဆေးဝါးသည် ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံးစီးပွားရေးလုပ်ငန်း ဖြစ်သည်။ မည်သူမဆို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းဖြင့် နေ့ချင်းညချင်း ချမ်းသာနိုင်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများမှာ နိုင်ငံအသီးသီးတွင် ရှိနေသည်။ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ အင်အားတစ်ခုတည်းအနေနှင့် မဖြစ်နိုင်ဘူးဟု ညွှန်ကြားရေးမှူးချုပ်က ပြောပါသည်။ “မူးယစ်ဆေးဝါး ပပျောက်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး လူမှုရေးလှုပ်ရှားမှုကို တည်ဆောက်ရမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီး ပစ်ခတ်သံတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာရှိတဲ့ ရှာပူရီ ဒီဝပ် (Shapuree Dwip) ဒေသမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

စနေနေ့ည ၉ နာရီကနေ ညသန်းခေါင်အထိ သေနတ်သံတွေ ပြင်းပြင်းထန်ထန်ကြားတာကြောင့် ကျွန်းပေါ်မှာနေထိုင်သူတွေဟာ တစ်ညလုံး အိပ်မပျော်နိုင်ဘဲ ကုန်ဆုံးခဲ့ရသည်။ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဘန်ဒါဘန်မြို့ နိတ်ဟောင် ချတ်ဟာရီ (Naikhongchhari Upazila) မှ ဒေသခံတွေကို ဒေါ်သဖြစ်စေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မော်တာကျည် အများအပြားကျခဲ့ရာ နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်း ပဋိပက္ခများကြောင့် အသေအပျောက်များကို ကန့်ကွက်ရန် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးအား ဆင့်ခေါ်ခဲ့သည်။

ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာ အမ်ဒီ မွန်ဝါ ဟိုစိန် (Dr Md Monwar Hossain) သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံကာ အဆိုပါ ကိစ္စအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကလည်း တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 20 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 20 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 22 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 58 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ