နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

Tiktok ကို အမေရိကန်ထံ ရောင်းချမှာမဟုတ်

Tiktok ကို အမေရိကန်ထံ ရောင်းချမှာမဟုတ်

++++++++++++

အမေရိကန်ဥပဒေပြုအမတ်တွေဟာ Tiktok နဲ့ ပတ်သက်ပြီး အပြီးတိုင်ပြတ်ပြတ်သားသားလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင် Tiktok ဆိုရှယ်ပလက်ဖောင်းကို အမေရိကန်ကုမ္ပဏီတွေထံ မရောင်းဘူးဆိုရင် လာမယ့်နှစ်ဇန်နဝါရီလကစပြီး အမေရိကမှာ အပြီးပိတ်ပင် သွားမယ်လို့ ရာဇသံပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ByteDance ကုမ္ပဏီဟာ Tiktok ပလက်ဖောင်းကို ရောင်းထုတ်ဖို့ထက် အမေရိကမှာ ပိတ်ပင်ခံသွားဖို့ပဲ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ Tiktok က အဓိကမှီခိုအားထားနေရတဲ့ Algorithm ဟာ ByteDance ကုမ္ပဏီရဲ့ တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုတစ်ခုဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

အဲဒီ Algorithm ဟာ ByteDance ကုမ္ပဏီပိုင်ဆိုင်တဲ့အခြား ပလက်ဖောင်းတွေအတွက်လည်း အသုံးပြုနေရတာဖြစ်ပြီး Tencent လို ပြိုင်ဘက်ကုမ္ပဏီက ထုတ်တဲ့ Algorithm ထက် ပိုအဆင့်မြင့်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါကြောင့် Tiktok ပလက်ဖောင်းကို ရောင်းချခြင်းက တရားဝင်နည်းအရရော နည်းပညာအရပါ လုံး၀မဖြစ်နိုင်ပါဘူး။ အဲဒီအစား ByteDance ကုမ္ပဏီက Tiktok အက်ပလီကေးရှင်းကို အသုံးပြုသူ သန်း 170 ရှိတဲ့ အမေရိကမှာ ပိတ်လိုက်ဖို့ကိုသာ ရွေးချယ်သွားဖွယ်ရှိနေတာပါ။

လာမယ့်ကြာသပတေးနေ့မှာတော့ ByteDance ကုမ္ပဏီဟာ သူတို့ရဲ့ Tiktok အက်ပလီကေးရှင်းကို ရောင်ချဖို့အစီအစဉ်မရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အခုတစ်ပတ်အစောပိုင်းက Tiktok အက်ပလီကေးရှင်းပိုင်ရှင် လျိုဇီချူက အမေရိကမှာ သူ့တို့ အက်ပလီကေးရှင်းပိတ်ခံရနိုင်တဲ့အရေးကို အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ ကိုယ့်အခွင့်အရေးအတွက် ယုံကြည်မှုရှိရှိနဲ့ တရားရုံးမှာ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အမှန်တရားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျတော်တို့ဘက်မှာ ရှိပါတယ်။ ထပ်ပြီးအောင်ပွဲခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အမေရိကန်နိုင်ငံဟာ Tiktok အက်ပလီကေးရှင်းကို စပိုင်ဆော့ဖ်ဝဲအဖြစ် ရှုမြင်နေတာကြောင့် အခုလို ပိတ်ပင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ByteDance ကုမ္ပဏီဘက်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် ပြင်းပြင်းထန်ထန်ငြင်းဆိုထားပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် 2020 ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှာ Tiktok ကုမ္ပဏီကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းကတော့ တရားရုံးက ပယ်ချခဲ့လို့ အရာမရောက်ခဲ့ပါဘူး။ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကယ်ရင်းဂျင်းပယ်ရီကတော့ Tiktok ကို အမေရိကန်ကုမ္ပဏီတွေထံ ရောင်းချမှုကသာ လက်တွေ့ကျတဲ့ဖြေရှင်းမှုတစ်ခုလို့ ပြောပါတယ်။

“Tiktok ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေရှိနေလိမ့်မယ်လို့ ကျတော်တို့ ယုံကြည်ထားပါတယ်”

Tiktok အက်ပလီကေးရှင်းဟာ သုံးစွဲသူများပြားပေမယ့် ဝင်ငွေအကျိုးအမြတ် နည်းပါးတာကြောင့် အမေရိကန်နိုင်ငံက ပိတ်ပင်လိုက်ရင်တောင် သူတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုမဖြစ်နိုင်ဘူးလို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။