နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မတ္တရာအပါအဝင် ရှမ်းမြောက်တိုက်ပွဲထဲ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ မန္တလေး(PDF)ထုတ်ပြန်

ဇွန်လ (၂၇)ရက်။

မတ္တရာအပါအဝင် ရှမ်းမြောက်ဒေသက ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချို့တို့က တိုက်ပွဲထဲ မဟာမိတ်တွေနဲ့လက်တွဲကာ စစ်ဆင်ရေးဖော်ဆောင်နေတယ်လို့ မန္တလေး(PDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF အနေနဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” နဲ့အတူ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။

အခုအခါ နောင်ချိုမြို့နဲ့ ခမရ(၁၁၅)တို့ကို အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ခမရ(၁၁၄)နဲ့ (၆၀၆)အမြောက်တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မတ္တရာမြို့ထဲက စစ်ကောင်စီရဲ့ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်းတွေကို သိမ်းပိုက်ရရှိထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီရဲ့ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကို အပြီးသတ်ရရှိဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။

မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တွေကို မဟာမိတ်တွေနဲ့လက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီစခန်းအများအပြားကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 4 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 11 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ