နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မော်ချီးဒေသတခုလုံးမှ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ဟု KNDF ကြေညာ

ဇန်နဝါရီလ (၂၈) ရက်။

ဖားဆောင်းမြိုနယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စခန်းကုန်တွေအားလုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်း မရှိဘဲ သူတို့ တပ်စွဲရာနေရာ၊ စခန်းတွေအားလုံးကို စွန့်ပစ်ဆုတ်ခွာ ထွက်ပြေးသွားခဲ့တဲ့အတွက် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲများမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီလ (၂၈) ရက်မှာ KNDF က ထုတ်ပြန်ကြေညာထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြိုတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း (၂၀) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ၊ လွိင်ကော်အခြေစိုက် ဒကစကိုလည်း ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြိုအခြေစိုက် စကခ (၇) ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ လွယ်ပတ္တာ၊ ကုန်းဆုံစတဲ့ ကာကင်းကုန်းစခန်းတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှာ ဘောလခဲမြိုနယ်ရှိ ရွာသစ်မြိုနဲ့ဘောလခဲမြို့အကြားရှိ (၁၂) မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် ရှင်းလင်းရေး လုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲများမှ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လွိင်ကော်မြို့ကိုလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြိုကို ဝိုင်းရံပိတ်ဆိုကာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပြီးပြီး မြိုဧရိယာ သုံးပုံ နှစ်ပုံကျော်အား စိုးမိုးထားနိုင်တယ်လို့ ဆိုပါတယ်။

လွိင်ကော်မြို့နယ် အခြေစိုက်တပ်ရင်းတွေမှာ စစ်ကောင်စီတပ်တွေ ဆက်လက် တပ်ဆွဲ ထားနိုင်ပေမယ့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆိုတိုက်ခိုက်မှုကြောင့် ထောက်ပိုလမ်းကြောင်း ပြတ်တောက်နေပြီး စစ်ကောင်စီဟာ လေကြောင်းကိုသာ အားကိုးနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းတွေအသုံးပြုပြီး လွိင်ကော်မြို့ကို တိုက်ခိုက်နေပြီး လွိင်ကော်မြို့ နှစ်ထပ်ဈေးကိုလည်း မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ဈေးကြီးမီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြိုနယ်၊ မိုးဗြဲမြိုနဲ့ ဖယ်ခုံမြိုတိုတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြိုတွင်းနဲ့ မြိုအဝင်၊ အထွက်တိုကို စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖယ်ခုံနဲ့ မိုးဗြဲမြိုတိုက စစ်ကောင်စီတပ်တွေဟာ မြိုကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်တော့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အကုန်တွင် မယ်စဲ့မြိုနယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်ရှိ မြိုနယ်အသီးသီးမှာ စစ်ရှိန်မြင့်တက်နေတဲ့အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြေပြင်မှာ အသာစီးရနေတဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 31 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ