နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီလက်နက်ကြီးတွေကြောင့် မီးတင်ရှို့ခံရတဲ့ ဓမ္မသရွာဖြစ်စဉ် ပြင်းထန်စွာရှုတ်ချတယ်လို့ MSFC ထုတ်ပြန်

မတ်လ (၂၈)ရက်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ဓမ္မသကျေးရွာက အိမ်ခြေ (၃၀၀)ကျော် မီးရှို့ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်ဆန့်ကျင်ရေးနေ့မှာ စစ်ကောင်စီက ဓမ္မသရွာထဲကို လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်းကနေပြီး တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့တာကြောင့် အိမ်ခြေ(၃၀၀)ကျော် မီးရှို့ခံရပြီး စစ်ဘေးရှောင်နေရသူ (၆၀၀၀)ကျော် ဒုက္ခရောက်ကြရကာ အများစုက မွန်လူမျိုးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ပြီး မီးတင်ရှို့ခဲ့တဲ့ ဓမ္မသရွာဟာ တော်လှန်ရေးအဖွဲ့တွေ တပ်စွဲတာမျိုးမရှိဘဲ မွန်၊ ကရင်နဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ရွာသူရွာသားတွေကို ရန်ရှာပစ်ခတ်တာလို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရင်က ချင်း၊ စစ်ကိုင်း၊ ကရင်နီနဲ့ ကရင်က နေရာအများအပြားမှာ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်တွေအပေါ် အပြစ်ကျူးလွန်ပြီး အခု မွန်ပြည်နယ်မှာ ထပ်မံကျူးလွန်တာလို့ ပြောဆိုထားပါတယ်။

အခုလို တော်လှန်ရေးအင်အားစုတွေကို တိုက်ရိုက်ရင်မဆိုင်ရဲဘဲ ပြည်သူကို ရန်ရှာတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချတဲ့အပြင် မီးသတ်ကားတွေ လာရောက်ကူညီတာကို တားမြစ်ခဲ့တာကိုလဲ ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

ဒါ့ကြောင့် အရပ်သားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်စေဖို့ ပြည်သူတစ်ရပ်လုံးက တိုက်ထုတ်သွားဖို့နဲ့ စစ်ကောင်စီကို အလျင်အမြန် ဖြတ်ချဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

အခုကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့တဲ့ ပြည်သူတွေကို မွန်ပြည်သူတွေ၊ ပြည်ပရောက်မွန်တွေအပါအဝင် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းက လူသားချင်းစာနာမှုအကူအညီပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 39 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 35 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 29 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 40 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 46 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်