နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့က စစ်ကောင်စီရဲ့ ခမရ(၁၁၅)တပ်စခန်းကနေ လက်နက်ခဲယမ်း (၃၈၀)ကျော်ရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

ဇွန်လ (၂၈)ရက်။

နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၁၁၅)တပ်စခန်းကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၁၁၅)တပ်စခန်းကနေ MA-1(၂၄)လက်၊ MA-3(၃၆)လက်၊ MA-4(၃)လက်၊ M22(၁)လက်၊ GE(၁၀)လက်၊ ရိုင်ဖယ်(၁၀၃)လက်နဲ့ ကာဘိုင်သေနတ်(၁၅၉)လက် စတဲ့ ချေမှုန်းရေးလက်နက် (၃၄၉)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်စခန်းကနေ စက်လက်အသေး (၁၁)လက်၊ MA-15(ငါးဂျင်းမီး)(၁)လက်၊ 0.5(၁)လက်၊ M79(၁)လက်၊(၈၁)မမ(၁)လက်၊ (၈၁)မမ(နောက်ပွင့်)(၂)လက်၊ RPG-7 (၄)လက်၊ (၆၀)မမ(၂)လက်နဲ့ ပြောင်းသေး(၆၀)မမ(၁၀)လက်တို့လဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် လက်နက်ငယ်ကျည်အမျိုးမျိုး (၅၀၀၀၀)ကျော်နဲ့ RPG, 60/80mm ကျည်အမျိုးမျိုး (၅၀၀)ကျော်အပြင် ဗုံးသီး၊ မိုင်းနဲ့ စကားပြောစက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဇွန်လ (၂၆)ရက်နေ့ကလဲ နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းတွေကနေ လက်နက်မျိုးစုံ (၅၀)ကျော်ကို သိမ်းဆည်းရမိထားသလို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံက လက်နက်မျိုးစုံ (၅၀)ကျော်ပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 10 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 12 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 18 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့
မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း လူငယ် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 24 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ(၁၇)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီး စာရေး (အကူ) (၁)ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
ဇွန်လ (၂၁)ရက်။ ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ