နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

လားရှိုးမြို့ထဲကို “ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် ဝင်ရောက်လာ

++++++++++++++++++++++++++++++++++++++

ဇူလိုင် (၂၈) ရက်။

မနေ့က ဇူလိုင်လ (၂၇) ရက်ကတည်းက လားရှိုးမြို့ထဲ UWAS “ ဝ” တပ်တွေ အင်အား ၅၀၀ လောက်နဲ့ ဝင်ရောက်လာပြီးဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ (၂၈) ရက်နေ့ မနက်လင်းအားကြီးမှာတော့ အင်အား ၂၀၀၀ ထောင်လောက်နဲ့ ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ရှမ်းမြောက် လားရှိုးမြို့ ဟိုပိတ်တိုးဂိတ်ကို MNDAA က သိမ်းပိုက်ရရှိသွားပြီး ဖြစ်သလို နောင်ချို၊ ကျောတက်မဲ၊ သီပေါလမ်းတလျှောက်မှာလည်း MNDAA ဘက်က တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

“ ဝ” တပ်နဲ့အတူ တရုတ်သတင်းဌာန သတင်းထောက်တွေအပါအဝင် နိုင်ငံခြားသတင်းဌာနတွေလည်း ပါရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ သတင်းဌာနက “ ဝ” ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို မေးမြန်းတာ “ ဝ” တပ်တွေ ဝင်ရောက်တာ ဟုတ်မှန်တယ်လို့ အတည်ပြုသွားပါတယ်။

လားရှိုးမြို့မှာ တပ်စွဲထားတဲ့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်မှာ ဝင်ရောက်စွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်က မျှော်လင့်ကြောင်း ဘီဘီစီမှာ ဖြေကြားထားပါတယ်။

ရှမ်းမြောက်က တန့်ယန်းမြို့ထဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပြီး နေရာယူထားပြီး ဖြစ်ပါတယ်။

ဟိုပန်မြို့နဲ့ ပန်လုံမြို့ကိုလည်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်က ဝင်ရောက်နေရာယူပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပါတယ်။

တောင်ကြီးမှာ စစ်ဘေးရှောင်နေကြတဲ့ လားရှိုးမြို့ခံတွေကတော့ သူတို့ လားရှိုးကို ပြန်ရမှာလား လားရှိုးပြန်ရမှာလား မဆုံးဖြတ်ရသေးကြောင်းနဲ့ လားရှိုးမြို့ကို ဘယ်သူက အုပ်ချုပ်မယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ MNDAA အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ လောက်ကိုင်မှာတော့ မြန်မာအပါအဝင် တခြားတိုင်းရင်းသားတွေ အပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ရှိတဲ့အတွက် လားရှိုးကို ပြန်ရမှာလည်း ဘယ်လို အခက်အခဲတွေ ဖြစ်လာမယ်ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။

လက်ရှိလားရှိုးမှာ UWSA “ ဝ” တပ်တွေ ၂၅၀၀ လောက်နဲ့ အင်အားဖြန့်ထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ လားရှိုးကို လေကြောင်းကနေ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ လောက်ကိုင်မှာတော့ “ ဝ” တပ်တွေ မရှိသေးတဲ့အတွက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေပေမယ့် လားရှိုးကိုတော့ လုံးဝ ထိလို့ မရတော့ပါဘူးလို့ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 24 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 24 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 18 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 18 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 34 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို