နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

လားရှိုးမြို့ထဲကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် ဝင်ရောက်လာ

++++++++++++++++++++++++++++++++++++++

ဇူလိုင် (၂၈) ရက်။

မနေ့က ဇူလိုင်လ (၂၇) ရက်ကတည်းက လားရှိုးမြို့ထဲ UWAS “ဝ” တပ်တွေ အင်အား ၅၀၀ လောက်နဲ့ ဝင်ရောက်လာပြီးဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ (၂၈) ရက်နေ့ မနက်လင်းအားကြီးမှာတော့ အင်အား ၂၀၀၀ ထောင်လောက်နဲ့ ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ရှမ်းမြောက် လားရှိုးမြို့ ဟိုပိတ်တိုးဂိတ်ကို MNDAA က သိမ်းပိုက်ရရှိသွားပြီး ဖြစ်သလို နောင်ချို၊ ကျောတက်မဲ၊ သီပေါလမ်းတလျှောက်မှာလည်း MNDAA ဘက်က တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

“ဝ” တပ်နဲ့အတူ တရုတ်သတင်းဌာန သတင်းထောက်တွေအပါအဝင် နိုင်ငံခြားသတင်းဌာနတွေလည်း ပါရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ သတင်းဌာနက “ဝ” ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို မေးမြန်းတာ “ဝ” တပ်တွေ ဝင်ရောက်တာ ဟုတ်မှန်တယ်လို့ အတည်ပြုသွားပါတယ်။

လားရှိုးမြို့မှာ တပ်စွဲထားတဲ့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်မှာ ဝင်ရောက်စွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်က မျှော်လင့်ကြောင်း ဘီဘီစီမှာ ဖြေကြားထားပါတယ်။

ရှမ်းမြောက်က တန့်ယန်းမြို့ထဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပြီး နေရာယူထားပြီး ဖြစ်ပါတယ်။

ဟိုပန်မြို့နဲ့ ပန်လုံမြို့ကိုလည်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်က ဝင်ရောက်နေရာယူပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပါတယ်။

တောင်ကြီးမှာ စစ်ဘေးရှောင်နေကြတဲ့ လားရှိုးမြို့ခံတွေကတော့ သူတို့ လားရှိုးကို ပြန်ရမှာလား လားရှိုးပြန်ရမှာလား မဆုံးဖြတ်ရသေးကြောင်းနဲ့ လားရှိုးမြို့ကို ဘယ်သူက အုပ်ချုပ်မယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ MNDAA အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ လောက်ကိုင်မှာတော့ မြန်မာအပါအဝင် တခြားတိုင်းရင်းသားတွေ အပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ရှိတဲ့အတွက် လားရှိုးကို ပြန်ရမှာလည်း ဘယ်လို အခက်အခဲတွေ ဖြစ်လာမယ်ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။

လက်ရှိလားရှိုးမှာ UWSA “ဝ” တပ်တွေ ၂၅၀၀ လောက်နဲ့ အင်အားဖြန့်ထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ လားရှိုးကို လေကြောင်းကနေ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ လောက်ကိုင်မှာတော့ “ဝ” တပ်တွေ မရှိသေးတဲ့အတွက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေပေမယ့် လားရှိုးကိုတော့ လုံးဝ ထိလို့ မရတော့ပါဘူးလို့ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို