နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သတင်းသမားအပါအဝင် အရပ်သား (၇)ဦးကိုသတ်ဖြတ်ခဲ့မှု ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ခံထွက်ဆို

ဖေဖော်ဝါရီလ (၂၉)ရက်။

ရခိုင်မှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သား (၇)ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့တဲ့အပေါ် ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝန်ထံထွက်ဆိုခဲ့ကြတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို သတင်းသမားအပါအဝင် အရပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကို ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ကြီး အာကာမြင့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးနဲ့ ဗိုလ်မှူး သိန်းထိုက်စိုးတို့က ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအရပ်သား (၇)ဦးကို ဇန်နဝါရီလ (၂၃)ရက်နေ့မှာ မြောက်ဦး ခမရ(၃၇၈)တပ်ရင်းကို ခေါ်ယူချုပ်နှောင်ထားချိန် ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက ရှင်းလင်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော် ခမရ(၃၇၇)မှာ ဆေးကုသနေတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့အဖွဲ့ကို တပ်ရေးဗိုလ်ကြီး အာကာမြင့်ထံ သတင်းပို့ပြီး အချုပ်သား (၇)ဦးကို ရှင်းလင်းဖို့ ညွှန်ကြားချက်ပေးလိုက်ပါတယ်” လို့ ဗိုလ်မှူး သိန်းထိုက်စိုးက ဝန်ခံထားပါတယ်။

ဒါ့ပြင် ဗိုလ်မှူး သိန်းထိုက်စိုးဆီကနေ အမိန့်ရရချင်း ခမရ(၃၇၈)က ခရိုင်ရဲမှူးထံ တင်ပြခဲ့ကာ ခရိုင်ရဲမှူးက ဆောင်ရွက်ပြီးမှ ကြည့်ရှင်းမယ်ဆိုတဲ့ အဖြေရကာ ခရိုင်မှူးအနေနဲ့ တပ်မမှူးထံ သတင်းပို့တင်ပြဖို့ပြောပြီး အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်းအောင်ထံ ပေးခဲ့တယ်လို့ ဗိုလ်ကြီးအာကာမြင့်က ထပ်မံထွက်ဆိုထားပါတယ်။

“ သေနတ်နဲ့ပဲဆောင်ရွက်ဖို့နဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ်ခဲ့ဖို့ မှာလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဖိုးလပြည့်အပါအဝင် အချုပ်သား (၇)ဦးကို ထုတ်ပြီးတော့ မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ထိတ်ခတ် ဗဟိုကင်းနောက်ကြောလမ်းကနေ ဆးခန်းကုန်းအောက်ခြေကို ခေါ်သွားခဲ့ပါတယ်။ (၁၅)မိနစ်အကြာမှာ သေနတ်သံ (၇)ချက်၊ (၈)ချက် ကြားရပါတယ်၊ နောက်ထပ် (၁၅)မိနစ်လောက်မှာ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဗဟိုကင်းကို ပြန်ရောက်လာပြီး ကျွန်တော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုကိစ္စဟာ အထက်ကပေးတဲ့ အမိန့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိနေတဲ့ မိသားစုတွေအပါအဝင် ရခိုင်ပြည်သူအားလုံးကို အနူးအညွတ်တောင်းပန်တယ်လို့ ဗိုလ်ကြီး အာကာမြင့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

AA အနေနဲ့ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သားပြည်သူ (၇)ဦး သတ်ဖြတ်ခံရတဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အနေနဲ့ ဗီဒီယိုဖိုင်နဲ့ ဖော်ပြထားကာ အရေးယူဆောင်ရွက်မယ့်အကြောင်းကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 22 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 47 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 19 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊