နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သတင်းသမားအပါအဝင် အရပ်သား (၇)ဦးကိုသတ်ဖြတ်ခဲ့မှု ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ခံထွက်ဆို

ဖေဖော်ဝါရီလ (၂၉)ရက်။

ရခိုင်မှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သား (၇)ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့တဲ့အပေါ် ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝန်ထံထွက်ဆိုခဲ့ကြတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို သတင်းသမားအပါအဝင် အရပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကို ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ကြီး အာကာမြင့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးနဲ့ ဗိုလ်မှူး သိန်းထိုက်စိုးတို့က ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအရပ်သား (၇)ဦးကို ဇန်နဝါရီလ (၂၃)ရက်နေ့မှာ မြောက်ဦး ခမရ(၃၇၈)တပ်ရင်းကို ခေါ်ယူချုပ်နှောင်ထားချိန် ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက ရှင်းလင်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော် ခမရ(၃၇၇)မှာ ဆေးကုသနေတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့အဖွဲ့ကို တပ်ရေးဗိုလ်ကြီး အာကာမြင့်ထံ သတင်းပို့ပြီး အချုပ်သား (၇)ဦးကို ရှင်းလင်းဖို့ ညွှန်ကြားချက်ပေးလိုက်ပါတယ်” လို့ ဗိုလ်မှူး သိန်းထိုက်စိုးက ဝန်ခံထားပါတယ်။

ဒါ့ပြင် ဗိုလ်မှူး သိန်းထိုက်စိုးဆီကနေ အမိန့်ရရချင်း ခမရ(၃၇၈)က ခရိုင်ရဲမှူးထံ တင်ပြခဲ့ကာ ခရိုင်ရဲမှူးက ဆောင်ရွက်ပြီးမှ ကြည့်ရှင်းမယ်ဆိုတဲ့ အဖြေရကာ ခရိုင်မှူးအနေနဲ့ တပ်မမှူးထံ သတင်းပို့တင်ပြဖို့ပြောပြီး အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်းအောင်ထံ ပေးခဲ့တယ်လို့ ဗိုလ်ကြီးအာကာမြင့်က ထပ်မံထွက်ဆိုထားပါတယ်။

“ သေနတ်နဲ့ပဲဆောင်ရွက်ဖို့နဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ်ခဲ့ဖို့ မှာလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဖိုးလပြည့်အပါအဝင် အချုပ်သား (၇)ဦးကို ထုတ်ပြီးတော့ မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ထိတ်ခတ် ဗဟိုကင်းနောက်ကြောလမ်းကနေ ဆးခန်းကုန်းအောက်ခြေကို ခေါ်သွားခဲ့ပါတယ်။ (၁၅)မိနစ်အကြာမှာ သေနတ်သံ (၇)ချက်၊ (၈)ချက် ကြားရပါတယ်၊ နောက်ထပ် (၁၅)မိနစ်လောက်မှာ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဗဟိုကင်းကို ပြန်ရောက်လာပြီး ကျွန်တော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုကိစ္စဟာ အထက်ကပေးတဲ့ အမိန့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိနေတဲ့ မိသားစုတွေအပါအဝင် ရခိုင်ပြည်သူအားလုံးကို အနူးအညွတ်တောင်းပန်တယ်လို့ ဗိုလ်ကြီး အာကာမြင့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

AA အနေနဲ့ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သားပြည်သူ (၇)ဦး သတ်ဖြတ်ခံရတဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အနေနဲ့ ဗီဒီယိုဖိုင်နဲ့ ဖော်ပြထားကာ အရေးယူဆောင်ရွက်မယ့်အကြောင်းကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 17 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 16 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 34 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 39 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 26 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က