နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သတင်းသမားအပါအဝင် အရပ်သား (၇)ဦးကိုသတ်ဖြတ်ခဲ့မှု ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ခံထွက်ဆို

ဖေဖော်ဝါရီလ (၂၉)ရက်။

ရခိုင်မှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သား (၇)ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့တဲ့အပေါ် ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝန်ထံထွက်ဆိုခဲ့ကြတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို သတင်းသမားအပါအဝင် အရပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကို ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ကြီး အာကာမြင့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးနဲ့ ဗိုလ်မှူး သိန်းထိုက်စိုးတို့က ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအရပ်သား (၇)ဦးကို ဇန်နဝါရီလ (၂၃)ရက်နေ့မှာ မြောက်ဦး ခမရ(၃၇၈)တပ်ရင်းကို ခေါ်ယူချုပ်နှောင်ထားချိန် ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက ရှင်းလင်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော် ခမရ(၃၇၇)မှာ ဆေးကုသနေတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့အဖွဲ့ကို တပ်ရေးဗိုလ်ကြီး အာကာမြင့်ထံ သတင်းပို့ပြီး အချုပ်သား (၇)ဦးကို ရှင်းလင်းဖို့ ညွှန်ကြားချက်ပေးလိုက်ပါတယ်”လို့ ဗိုလ်မှူး သိန်းထိုက်စိုးက ဝန်ခံထားပါတယ်။

ဒါ့ပြင် ဗိုလ်မှူး သိန်းထိုက်စိုးဆီကနေ အမိန့်ရရချင်း ခမရ(၃၇၈)က ခရိုင်ရဲမှူးထံ တင်ပြခဲ့ကာ ခရိုင်ရဲမှူးက ဆောင်ရွက်ပြီးမှ ကြည့်ရှင်းမယ်ဆိုတဲ့ အဖြေရကာ ခရိုင်မှူးအနေနဲ့ တပ်မမှူးထံ သတင်းပို့တင်ပြဖို့ပြောပြီး အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်းအောင်ထံ ပေးခဲ့တယ်လို့ ဗိုလ်ကြီးအာကာမြင့်က ထပ်မံထွက်ဆိုထားပါတယ်။

“သေနတ်နဲ့ပဲဆောင်ရွက်ဖို့နဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ်ခဲ့ဖို့ မှာလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဖိုးလပြည့်အပါအဝင် အချုပ်သား (၇)ဦးကို ထုတ်ပြီးတော့ မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ထိတ်ခတ် ဗဟိုကင်းနောက်ကြောလမ်းကနေ ဆးခန်းကုန်းအောက်ခြေကို ခေါ်သွားခဲ့ပါတယ်။ (၁၅)မိနစ်အကြာမှာ သေနတ်သံ (၇)ချက်၊ (၈)ချက် ကြားရပါတယ်၊ နောက်ထပ် (၁၅)မိနစ်လောက်မှာ ဒုတပ်ကြပ် သန်းအောင်ဦးစီးတဲ့အဖွဲ့က ဗဟိုကင်းကို ပြန်ရောက်လာပြီး ကျွန်တော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အခုကိစ္စဟာ အထက်ကပေးတဲ့ အမိန့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိနေတဲ့ မိသားစုတွေအပါအဝင် ရခိုင်ပြည်သူအားလုံးကို အနူးအညွတ်တောင်းပန်တယ်လို့ ဗိုလ်ကြီး အာကာမြင့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

AA အနေနဲ့ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ သတင်းသမား ကိုဖိုးသီဟအပါအဝင် အရပ်သားပြည်သူ (၇)ဦး သတ်ဖြတ်ခံရတဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အနေနဲ့ ဗီဒီယိုဖိုင်နဲ့ ဖော်ပြထားကာ အရေးယူဆောင်ရွက်မယ့်အကြောင်းကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို