နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မေလထဲ RCSS ဘက်က SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်တာ (၆)ကြိမ်အထိရှိခဲ့

မေလ (၂၉)ရက်။

အခုမေလထဲမှာ RCSS တပ်ဖွဲ့ဘက်က SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်တာ (၆)ကြိမ်အထိရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပေမယ့် ရှမ်းတပ်နှစ်ဖွဲ့ရဲ့ စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အခုအချိန်အထိ RCSS အပေါ် တုံ့ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာမရှိဘူးလို့ SSPP က ဆိုပါတယ်။

မေလ (၂၈)ရက်နေ့ နေ့လယ်(၃)နာရီခန့်ကလဲ မိုင်းကိုင်မြို့၊ မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟေးရွာနဲ့ မယ်ဇလီရွာကြားမှာ SSPP စစ်ကြောင်းယာဉ်တန်းတစ်စီးကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို RCSS တပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် SSPP ရဲ့ ကားတစ်စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

SSPP နဲ့ RCSS တို့ဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့မှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတာကို ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် နှစ်ဖက်ပစ်ခတ်တာရပ်စဲကြောင်း ကြေညာပြီးတဲ့နောက်မှာလဲ RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ မကြာခဏရှိနေတာကြောင့် SSPP ဘက်က တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 15 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 17 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 17 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 18 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်
မြန်မာသတင်း

မုံရွာမှာ ပြည်သူ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
‌ဇွန်လ (၂)ရက်။ မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်အချိန် မုံရွာမြို့ အထက(၁)ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မုံရွာ အထက(၁)ကျောင်းကနေ
မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 167 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ စစ်သားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး နောက်မှပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာသည်။ စစ်ကောင်စီ မြန်မာ့တပ်မတော်
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 41 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 28 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)