နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မေလထဲ RCSS ဘက်က SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်တာ (၆)ကြိမ်အထိရှိခဲ့

မေလ (၂၉)ရက်။

အခုမေလထဲမှာ RCSS တပ်ဖွဲ့ဘက်က SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်တာ (၆)ကြိမ်အထိရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပေမယ့် ရှမ်းတပ်နှစ်ဖွဲ့ရဲ့ စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အခုအချိန်အထိ RCSS အပေါ် တုံ့ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာမရှိဘူးလို့ SSPP က ဆိုပါတယ်။

မေလ (၂၈)ရက်နေ့ နေ့လယ်(၃)နာရီခန့်ကလဲ မိုင်းကိုင်မြို့၊ မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟေးရွာနဲ့ မယ်ဇလီရွာကြားမှာ SSPP စစ်ကြောင်းယာဉ်တန်းတစ်စီးကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို RCSS တပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် SSPP ရဲ့ ကားတစ်စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

SSPP နဲ့ RCSS တို့ဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့မှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတာကို ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် နှစ်ဖက်ပစ်ခတ်တာရပ်စဲကြောင်း ကြေညာပြီးတဲ့နောက်မှာလဲ RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ မကြာခဏရှိနေတာကြောင့် SSPP ဘက်က တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 6 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 7 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 8 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 7 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 45 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 39 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 32 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 45 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ