နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမြိုနယ် တယ်တောရွာမှာ ဒေသခံတော်လှန်ရေးအဖွဲ့နဲ့ ပသုံးလုံးရပ်ကျေးအဖွဲအကြား လက်ပစ်ဗုံးပစ်ခတ်မှု ဖြစ်ပွား

*** ဒီပဲယင်းတပ်ရင်း (၁၂) က ရွာခံ မိန်းကလေး (၆) ဦးနဲ့ ယောက်ကျားလေး (၁) ဦးကို ထိန်းသိမ်းထား ***

မေလ (၂၉) ရက်။

မေလ (၂၈) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဒီပဲယင်းအရှေ့ခြမ်းမှာရှိတဲ့ တယ်တောရွာမှာ ဒေသခံတော်လှန်ရေး အင်အားစု တစ်လုံးအဖွဲဝင် သန့်စင်ထက်က ပသုံးလုံးရပ်ကျေးအဖွဲကို လက်ပစ်ဗုံး ငါးလုံးနဲ့ပစ်သွားတယ်လို ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်းမှာ ရွာခံတွေ ထိခိုက်မှု မရှိခဲ့ပေမယ့် ပစ်ခတ်တယ်လို စွတ်စွဲခံရတဲ့ သန့်စင်ထက်တို မိသားစု (၅) ယောက် အသတ်ခံရတယ်လို သိရပါတယ်။ သန့်စင်ထက်တို့အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တခု ဖြစ်ပေမယ့် ရွာခံတွေနဲ့ သဟဇာတ မဖြစ်ဘူးလို ရွာခံတွေက ဆိုပါတယ်။

ခေတ်မျက်လုံးသတင်းဌာနက တယ်လီဖုန်းနဲ့ ရွာခံတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖြစ်စဉ်ဟာ မေလ (၂၈) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ တစ်လုံးအဖွဲဝင် သန့်စင်ထက်က ပသုံးလုံးရပ်ကျေးအဖွဲကို လက်ပစ်ဗုံး ငါးလုံးနဲ့ပစ်သွားတယ်။ ရွာက ပြန်လည်ခုခံတယ်။ အဲ့ဒီနောက် လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တဲ့ သန့်စင်ထက်တို့ မိသားစု ၅ ယောက် အသတ်ခံရတယ်။ မိသားစုဝင်ထဲက လသားအရွယ်ကလေးနဲ့ ၅ နှစ်အရွယ် ကလေး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ အလောင်းတွေကိုတော့ မြှုပ်နှံပြီးပြီလို့ သိရပါတယ်။

ရွာထဲက တယောက်ယောက်က အကြောင်းကြားလိုက်လို့ နေ့လည်လောက်မှာ ဒီပဲယင်းတပ်ရင်း (၁၂) က ရွာထဲကို ဝင်ရောက်လာပြီး တအိမ်တက်ဆင်း မေးမြန်းစစ်ဆေးတဲ့အပေါ် မကျေနပ်တဲ့ ရွာခံတွေက ရွာထဲထွက်ပြီး ဆန္ဒပြခဲ့တယ်လို ပြောပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိန်းကလေး (၅) ဦးနဲ့ ယောက်ကျားလေး (၁) ဦးကို တပ်ရင်း (၁၂) က ဖမ်းဆီးသွားပြီး ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တခြား ဒီပဲယင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကို ခေတ်မျက်လုံးသတင်းဌာနက ၂၈ ရက်နေ့ မြန်မာအချိန် ညနေ (၅) နာရီလောက်မှာ ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါ မိသားစု (၅) ဦး အသတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မှန်ကန်ပြီး တပ်ရင်း (၁၂) က ရွာဖက်က အကြောင်းကြားလာလို အခြေအနေတွေကို ဝင်ရောက်ထိန်းနေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီတပ်ရင်းဟာ ယုံကြည်ရတဲ့ တပ်ရင်းဖြစ်ပြီး မဟုတ်တာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

တပ်ရင်း (၁၂) ကို ဆက်သွယ်နေပေမယ့် ဖုန်းခေါ်လို့ မရသေးဘူး ဖြစ်နေပါတယ်။

မြေပြင်အခြေအနေတွေ ရှုပ်ထွေးနေကာ ခေတ်မျက်လုံးအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေတွေကို ဆက်လက်တင်ပြသွားပါမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 26 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 29 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 31 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 42 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 47 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 45 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 47 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့