နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမြိုနယ် တယ်တောရွာမှာ ဒေသခံတော်လှန်ရေးအဖွဲ့နဲ့ ပသုံးလုံးရပ်ကျေးအဖွဲအကြား လက်ပစ်ဗုံးပစ်ခတ်မှု ဖြစ်ပွား

*** ဒီပဲယင်းတပ်ရင်း (၁၂) က ရွာခံ မိန်းကလေး (၆) ဦးနဲ့ ယောက်ကျားလေး (၁) ဦးကို ထိန်းသိမ်းထား ***

မေလ (၂၉) ရက်။

မေလ (၂၈) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဒီပဲယင်းအရှေ့ခြမ်းမှာရှိတဲ့ တယ်တောရွာမှာ ဒေသခံတော်လှန်ရေး အင်အားစု တစ်လုံးအဖွဲဝင် သန့်စင်ထက်က ပသုံးလုံးရပ်ကျေးအဖွဲကို လက်ပစ်ဗုံး ငါးလုံးနဲ့ပစ်သွားတယ်လို ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်းမှာ ရွာခံတွေ ထိခိုက်မှု မရှိခဲ့ပေမယ့် ပစ်ခတ်တယ်လို စွတ်စွဲခံရတဲ့ သန့်စင်ထက်တို မိသားစု (၅) ယောက် အသတ်ခံရတယ်လို သိရပါတယ်။ သန့်စင်ထက်တို့အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တခု ဖြစ်ပေမယ့် ရွာခံတွေနဲ့ သဟဇာတ မဖြစ်ဘူးလို ရွာခံတွေက ဆိုပါတယ်။

ခေတ်မျက်လုံးသတင်းဌာနက တယ်လီဖုန်းနဲ့ ရွာခံတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖြစ်စဉ်ဟာ မေလ (၂၈) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ တစ်လုံးအဖွဲဝင် သန့်စင်ထက်က ပသုံးလုံးရပ်ကျေးအဖွဲကို လက်ပစ်ဗုံး ငါးလုံးနဲ့ပစ်သွားတယ်။ ရွာက ပြန်လည်ခုခံတယ်။ အဲ့ဒီနောက် လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တဲ့ သန့်စင်ထက်တို့ မိသားစု ၅ ယောက် အသတ်ခံရတယ်။ မိသားစုဝင်ထဲက လသားအရွယ်ကလေးနဲ့ ၅ နှစ်အရွယ် ကလေး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ အလောင်းတွေကိုတော့ မြှုပ်နှံပြီးပြီလို့ သိရပါတယ်။

ရွာထဲက တယောက်ယောက်က အကြောင်းကြားလိုက်လို့ နေ့လည်လောက်မှာ ဒီပဲယင်းတပ်ရင်း (၁၂) က ရွာထဲကို ဝင်ရောက်လာပြီး တအိမ်တက်ဆင်း မေးမြန်းစစ်ဆေးတဲ့အပေါ် မကျေနပ်တဲ့ ရွာခံတွေက ရွာထဲထွက်ပြီး ဆန္ဒပြခဲ့တယ်လို ပြောပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိန်းကလေး (၅) ဦးနဲ့ ယောက်ကျားလေး (၁) ဦးကို တပ်ရင်း (၁၂) က ဖမ်းဆီးသွားပြီး ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တခြား ဒီပဲယင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကို ခေတ်မျက်လုံးသတင်းဌာနက ၂၈ ရက်နေ့ မြန်မာအချိန် ညနေ (၅) နာရီလောက်မှာ ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါ မိသားစု (၅) ဦး အသတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မှန်ကန်ပြီး တပ်ရင်း (၁၂) က ရွာဖက်က အကြောင်းကြားလာလို အခြေအနေတွေကို ဝင်ရောက်ထိန်းနေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီတပ်ရင်းဟာ ယုံကြည်ရတဲ့ တပ်ရင်းဖြစ်ပြီး မဟုတ်တာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

တပ်ရင်း (၁၂) ကို ဆက်သွယ်နေပေမယ့် ဖုန်းခေါ်လို့ မရသေးဘူး ဖြစ်နေပါတယ်။

မြေပြင်အခြေအနေတွေ ရှုပ်ထွေးနေကာ ခေတ်မျက်လုံးအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေတွေကို ဆက်လက်တင်ပြသွားပါမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 2 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 1 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 2 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 11 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို
မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 22 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်မှာ ထောက်ပိုတက်လာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၃)စီးကို‌ တော်လှန်ရေးတပ်တွေက ပစ်‌ခတ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 21 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ကျနော်တိုမှာ စစ်ဒေသ (၃)ခုရှိပါတယ်။ အဲ့ဒီစစ်ဒေသ (၃)ခုလုံးမှာရှိတဲ့ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 18 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊